Chapter-1(ပြန်လည်မွေးဖွားခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း)

55.2K 2.7K 27
                                    

Unicode/)

"သေစမ်း! ငါ့ခေါင်းက နာလိုက်တာ  ငရဲကျနေသလိုပဲ... ခနနေပါအုံး ငါ..မသေဘူးလား"

ကျန်းရှန် သူ့မျက်လုံးတို့ကိုဖွင့်ကြည့်မိတော့ အခန်းကျယ်တစ်ခုထဲရောက်နေတာကိုသတိထားလိုက်မိတော့သည်။ အိပ်နေရာကနေ ထထိုင်ဖို့ကြိုးစားကြည့်တော့ ခါးနားတစ်ဝိုက်က ခံစားရတဲ့ နာကျင်မှုကြောင့် ပတ်တီးတို့ဖြင့် စည်းနှောက်ထားတဲ့ ဒဏ်ရါတစ်ခုရိှကြောင်းကို သတိထားမိသည်

"ကျစ်~ စွကျိုးနဲ... ငါက ဘယ်လိုလုပ် ဒဏ်ရါရနေတာလဲ"

ခန... မဟုတ်သေးဘူးနော်...
ငါက အဆောက်အဉီးအမြင့်ကနေ မတော်တဆပြုတ်ကျသွားတာမဟုတ်ဘူးလား?? လှေကားထစ် အထပ်၂၀ကနေ ပြုတ်ကျလာတာကို ခါးက ဒဏ်ရါတစ်ခုပဲရတယ်ဆိုတာ ဖြစ်နိုင်လို့လား??

ကျန်းရှန် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်တော့လည်း ခါးက ဒဏ်ရါကလွဲပြီး ကျန်တဲ့နေရာတစ်နေမှာမှ ဒဏ်ရါရထားခြင်းမရိှ။

ရုတ်တရက် လန့်ဖျန့်စွာနဲ့ သူ့မျက်လုံးတွေ ပြူးကျယ်လာမိသည်။ သူ့ ကြွက်သားတွေနဲ့ပက်သက်ပြီးတော့ တစ်ခုခုမှားယွင်းနေပြီထင်ပါရဲ့...

"သောက်ကျိုးနဲ့.... ငါ ဝိတ်တက်လာတာလားဟ??"
သူ့ကြွက်သားတွေကို လက်နဲ့ကိုင်ကြည့်မိတော့ ဖောင်းကားနေတာကိသတိထားမိသည်။ ဒါပေမဲ့ ပုံမှန် ဝလို့ ဖောင်းကားနေတာနဲ့တော့ မတူဘူးနော်.....

ရုတ်တရက် ကျန်းရှန် စိတ်ပျက်စွာ ခေါင်းငိုက်စိုက်ကျသွားသည်။ အခုက ဘယ်လိုအခြေအနေမျိုးရောက်နေလဲ သူသေချာမသိတော့... ထူးဆန်းတဲ့အခန်းကျယ်ကြီးကို ကြည့်ပြီး သူ အခု ဘယ်ရောက်နေလဲဆိုတာကို မတွေးတတ်တော့။

"ဒါဆို... ငရဲဆိုတာ ဒီလိုမျိုးများလား...??"
သူ့လက်သူ လက်သည်းတို့ဖြင့်ကုပ်ခြစ်ရင်း အခန်းပတ်လည်အား ကြည့်မိသည်။သူဘယ်လောက်ပဲ စစ်ဆေးကြည့်ပါစေ ဒီအခန်းကတော့ တခြားအခန်းတွေလို ဇိမ်ခံပရိဘောဂတွေပါတဲ့ အခန်းတစ်ခုထက်ပိုပြီး ထူးခြားခြင်းတော့မရိှ။

"မင်း နိုးနေပြီပဲ"

ထိုအချိန်တွင် အခန်းထဲကို ဝင်လာသော အဖြူရောင်coat နဲ့လူက ဆရာဝန်ဖြစ်မဲ့ပုံပင်။ သူ့ဆံပင်သူ ထိုးဖွရင်း သမ်းဝေကာ ပျင်းတိပျင်းရွဲလျှောက်လာသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now