အပိုင်း( 102) ပိုင်ဟောင်ထျန်း-grown up version

1.1K 120 4
                                    

Unicode (ပိုင်ဟောင်ထျန်း-grown up version)

ပိုင်ဟောင် ပါးစပ်ပိတ်သွားရတော့သည် 'ဖေးစစ်ရန်ထက်တောင် ပိုကြမ်းတာပဲ'

'ဒါမဲ့ ဘာလို့ ရွှီချွမ်က ဒီကိုရောက်နေရတာလဲ'

ပိုင်ဟောင် အံ့ဩမင်သက်စွာနဲ့ပဲ ရွှီချွမ်ကို စိုက်ကြည့်နေမိပြီး သူမ ဘာလို့ ဒီကိုရောက်နေလဲဆိုတာကို အဖြေရှာမရပေ

"ရွှီချွမ်က ကျွန်တော်နဲ့အတူ ပြန်ပေးဆွဲခံလိုက်ရတာ"

ပိုင်ဟောင်မျက်နှာပေါ်က အံ့ဩမှု မရေရာမှုတွေကို သတိပြုမိတာကြောင့် ကျန်းရှန် ရွှီချွမ်ကို ကာကွယ်ပြောဆိုလိုက်သည်။

ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်နိုင်သေးသော်လည်း သေချာတာကတော့ ရွှီချွမ် တစ်ခုခုကို သိနေတာတော့အမှန်ပင်။ သူမကို အနားမှာ ဆက်ပြီး ထားမှသာ ဖြစ်စဉ်အစအဆုံး သိနိုင်လိမ့်မည်။

"အော် သဘောပေါက်ပြီ"

ရွှီချွမ်နဲ့ပက်သက်ပြီး ပိုင်ဟောင် ဘာမှ သံသယဝင်စရာမျိုး မဖြစ်တော့သလို မေးခွန်းတစုံတရာမှ မေးမြန်းခြင်းမပြု။

ထိုအချိန်မှာပင် ဟေးမင်တစ်ယောက် ဆေးလိပ်ငွေ့များ ရှူထုတ်ရင်း ဖေးစီရမ်ရဲ့နေရာမှ ထွက်လာသည်။

သို့သော် ကျန်းရှန်မှာ ကိုယ်ဝန်နဲ့ဆိုတဲ့အကြောင်း သတိရမိ၍ စက္ကန့်ပိုင်းအတွင်းမှာတင် ဆေးလိပ်မီးသတ်လိုက်သည်။

ထို့နောက် ကျန်းရှန်ဘက်သို့လှည့်ကာ
"မင်းကို ရှာတွေ့ဖို့ ဖေးစစ်ရန် ပြဿနာအကြီးကြီး ရှာထားတယ် သေချာတာတော့ ခုချိန် အုပ်ချုပ်ရေးမှူးက သူ့ကို ဖမ်းချုပ်ထားလိမ့်မယ် မင်းကိုယ်တိုင် သူ့ကို အမြန်သွားတွေ့လိုက်ရင် ပိုကောင်းလိမ့်မယ်"

"ဖေးစစ်ရန် ပြဿနာရှာထားတယ်? ဘယ်မှာလဲ?" ကျန်းရှန် စိတ်ရှုပ်သွားရသည်။

"မြို့ထဲ... လူသားမဟုတ်တဲ့သူတွေကို ကြီးကြပ်တဲ့ လူတွေရှိတဲ့မြို့.. ငါတို့ လုပ်ချင်တိုင်းလုပ်လို့မရဘူး"

'ဟုတ်တယ်! အဲ့တာကို ဖေးစစ်ရန် ငါ့ကိုပြောပြခဲ့ဖူးတယ်'

အဲ့လိုဖြစ်ခဲ့တာပေါ့ အဲ့တာကြောင့် သူ အဖမ်းခံလိုက်ရတာလား! သူ ငါ့ကို တစက်လေးမှ ဂရုမစိုက်ဘူးလို့ ထင်ထားခဲ့တာ

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now