Chapter-29(ပြိုင်ဘက်က ကူညီသူတစ်ယောက်ပို့ပေးလိုက်တယ်)

9.1K 1.7K 20
                                    

Unicode 🧛‍♂️🧛‍♂️

"ဒါဆို အကို ဝယ်လိုက်တဲ့ ကလေးမွေးရမဲ့ အရုပ်ဆိုတာ နင်လား???"

မနက်အစောကြီး စံအိမ်သို့ ဖန်းရှောင် ဖေးစစ်ရန် ညီမအား ခေါ်လာပြီး သူမက မနက်စာစားနေတဲ့ ကျန်းရှန်အား နှုတ်ဆက်လိုက်သည်။

ကျန်းရှန်ကို ပြဿနာဖြစ်စေချင်နေတဲ့ ဖန်းရှောင်ကတော့ စိတ်ကျေနပ်မှုအပြည့်အဝရကာ လည်ချောင်းရှင်းရင်း ကျန်းရှန်အား ခနဲ့စွာကြည့်လိုက်သည်။

ထိုစကားကြားချိန်တွင် ကျန်းရှန် မျက်နှာတစ်ခုလုံးမှောင်ကျကာ
'ဒီခွေးကောင်လာပြန်ပြီလား??? ဖေးစစ်ရန် ညီမကိုတောင် သူနဲ့အတူ ခေါ်လာသေးတယ်... သူ ငါ့ကို အပြစ်ရှာချင်နေတာလား?? ဒီလေါက်တောင် မင်းဘဝကြီး ပျင်းစရာကောင်းနေတယ်လို့ထင်ရင် ဘာလို့ နံရံနဲ့ ခေါင်းနဲ့မဆောင့်ကြည့်ရတာလဲ??'

ဒီမနက် ဝင်နေတဲ့ စိတ်ကောင်းလေးတွေတောင် တစ်ခနတွင် ပျောက်ကွယ်သွားတော့သည်။

"ဒီမကောင်းတဲ့ကောင်က ငါ့ယောင်းမနဲ့ တော်တော်တူနေတာပဲ"
ဖေးလုလု ကျန်းရှန်ရဲ့ မေးစေ့အား ဆုပ်ကိုင်ကာ ဟိုဘက်သည်ဘက်လှည့်ကာ မျက်နှာတည့်တည့်ကိုပါစိုက်ကြည့်လိုက်သည်။

သူမခေါ်လိုက်တဲ့ အရုပ်ဆိုတဲ့ အသုံးအနှုန်းအား ကျန်းရှန်စိတ်ပျက်သွားသည်။ ပိုဆိုးတာက သူ့အား မကောင်းတဲ့ ကောင် ဟုခေါ်လိုက်ခြင်းက သူ့ဒေါသအား ငယ်ထိပ်ရောက်စေသည်။

"ဖေးစစ်ရန်... ဒီက​ောင်မလေးကို ကျွန်တော်သတ်ပစ်ချင်လာပြီ"

ကျန်းရှန် သူနဲ့ မျက်စောင်းထိုးတွင်မနက်စာထိုင်စားနေသော ဖေးစစ်ရန်လား နှုတ်ခမ်းလှုပ်ကာ မေးလိုက်သည်။

ဖေးစစ်ရန်ကတော့ သူနဲ့ ဖေးလုလုအား တစ်လှည့်စီကြည့်လိုက်သော်လည်း ဘာစကားမှဝင်မပြောပဲ မနက်စာကိုသာ စားလိုက်တော့သည်။

"ခင်ဗျားကိုပြောနေတယ်လေ... !! မကြားဘူးလား!!"

'သေစမ်း!! ဒီခွေးကောင်က သူ့ညီမ ငါ့ကိုအနိုင်ကျင့်နေတာကို ဒီတိုင်းလွှတ်ပေးထားတော့လို့လား'

"ငါ့အကိုကို နင်အော်ရဲတယ်!! နင်က အရုပ်သာသာပဲ.. အရှက်မရိှတဲ့ကောင်!!"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now