Chapter-101 (ဘယ်သူ့မှမယုံကြည်နဲ့)

1.8K 153 15
                                        

ဘယ်သူ့မှမယုံကြည်နဲ့ (Unicode Version)

"ဖြည်းဖြည်းသွား ရှီချွမ်!! ငါ မင်းကိုမီအောင် မလိုက်နိုင်တော့ဘူး"

ရှီချွမ်က လမ်းတစ်လျှောက်လုံး တောက်လျှောက် ဆွဲခေါ်လာသောကြောင့် ကျန်းရှန် အသက်ပြင်းထန်စွာ ရှူနေရသည်။

ဒါကလည်း ကျန်းရှန်က အားနည်းလွန်းနေတာကြောင့်မဟုတ်ပဲ မူလခန္ဓာကိုယ်ပိုင်ရှင်ငသာ လေ့ကျင့်ခန်းလိုက်စားမှု အားနည်းတာကြောင်း ကျန်းရှန် အသက်လုရှူနေရတော့သည်။

"ဒါပေမဲ့ ဒါကြီးက မိုက်တယ်! မင်း ဒီဓားကို ဘယ်နေရာမှာ ဝှက်လာတာလဲ (ခါတန ဓားရှည်ကို ပြောထားတာပါ) ငါ့ကို အဲ့ဓားနဲ့ ခနလောက်ဖြစ်ဖြစ် ပေးဆော့ခိုင်းပါလား? ငါ့ဘဝတစ်လျှောက်လုံးမှာ ဒီလိုဓားကို တခါမှ မမြင်ဖူးဘူး"

ကျန်းရှန် ရုတ်တရက် မြန်မြန်သွွက်သွက် လျှောက်လာပြီး ရွှီချွမ်နောက်မှ လိုက်ကာ စပ်စုတတ်သည့်ကလေးငယ် တစ်ယောက်လို မေးခွန်းများ ဆက်တိုက် မေးမြန်းတော့သည်။

"ဒါက သခင်လေးဆော့ချင်သလို ဆော့လို့ရတဲ့ ကစားစရာမဟုတ်ဘူး သခင်လေးအတွက် အန္တရာယ်များပါတယ်"

ရွှီချွမ်ကတော့အမြဲတမ်းထားနေကြ ခံစားချက်မရှိသည့် မျက်နှာကိုသာ ထိန်းသိမ်းထားဆဲပင်။

"မင်းက အရမ်းတွန့်တိုလွန်းတာပဲ! ငါ ကျိုးပါလုပ်မှာ မဟုတ်ပါဘူး"

ကျန်းရှန်လည်း နှုတ်ခမ်းကို ဆူပုပ်ထားရင်း တွန့်ဆုတ်စွာ ပြောလိုက်သည်။

"သခင်လေး ကျေးဇူးပြုပြီး ဒီနေ့ဖြစ်သွားတဲ့အရာကို ဘယ်သူ့ကိုမှ မပြောပါနဲ့ တစ်ခုတစ်လေတောင်မပြောပါနဲ့ ဒီဓားအကြောင်းကအစ"

"ကောင်းပြီ ကောင်းပြီ စိတ်ချပါ ငါ ဘယ်သူ့မှ မပြောပါဘူး"

ကျန်းရှန်လည်း သူမအနောက်မှ ပျင်းရိစွာဖြင့် လိုက်လာလိုက်သည်။ သူအခု ဗိုက်ဆာနေသည့်အကြောင်းကိုလည်း ပြောချင်စိတ်မရှိပေ။

"အာ့! ရုတ်တရက် ရပ်မယ်ဆိုရင်လဲ ကြိုပြောပါရော့လား! နာလိုက်တာ"

ကျန်းရှန် ခေါင်းငုံ့လျှောက်နေတာကြောင့် ရွှီချွမ်ရဲ့နောက်ကျောကို ဝင်တိုက်လိုက်မိသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ