Chapter-96

4.1K 546 1
                                    

Unicode

တစ်ဖက်မှ ကျန်းရှန်သည်တော့...

အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးအား ပွတ်သပ်ကာ နိုးထလာသည့်အချိန်တွင် ထိုင်ခုံတစ်လုံးပေါ်၌ ခြေရော လက်ရော ချုပ်ထားလျက်သား တွေ့ရတော့သည်။

"ဒါ ဘါတုံးဟ?"  ငိုက်မျဉ်းနေသည့်အသံဖြင့် တစ်ကိုယ်တည်းပြောရင်း ရုန်းကန်ရန် ကြိုးစားသော်လည်း ကျရှုံးရသည်။

ကျန်းရှန်လည်း ပတ်ဝန်းကျင်ကို တစ်ပတ်လည်ကြည့်ပြီးနောက် ချက်ချင်း အိပ်ချင်ပြေသွားကာ ကြက်သေသေသွားရသည်။

မြေအောက်ခန်းတစ်ခုတွင် ရောက်နေသည့်ပုံရိှပြီး ပတ်ဝန်းကျင်ရန် ရှင်းရှင်းလင်းလင်းမမြင်နိုင်လောက်အောင်ပင် မှောင်မိုက်လွန်းကာ စိုထိုင်းသည့် ရေငွေ့ကိုပင် ကျန်းရှန် ခံစားနေမိသည်။

ရုတ်တရက် ကျန်းရန်၏ နံဘေးမှ သံကြိုးအား တရွတ်တိုက်ဆွဲသံကို ကြားလိုက်ရသည်။ အသံက သိပ်မကျယ်သော်လည်း ကျန်းရှန်အား တုန်လှုပ်စေသည်အထိ ကြောက်မက်ဖွယ်ကောင်းနေလွန်းသည်။

"ဘယ်...ဘယ်သူလဲ??"

အသံလာရာသို့ ဉီးတည်ကာ ကျန်းရှန် အော်မေးလိုက်သော်လည်း ထိုနေရာဘက်မှ မည်သည့်ဖြေသံကိုမျှ မကြားရပေ။

တိတ်ဆိတ်မှုက ကျန်းရှန်အား အသက်ပင် ရဲရဲမရှူရဲသည်အထိ ကြောက်လန့်စိတ်ဖြစ်စေသည်။

'ချီး!! ဖေးစစ်ရန်.. ခင်ဗျားက ဘယ်ရောက်နေတာလဲ! ငါကရော ဒီနေရာကို ဘာလို့ ရောက်နေရတာတုံး! အမြန်လေး!! ငါ့ကို လာကယ်ပါ!!'

ကျန်းရှန်အကြောက်ဆုံးအရာသည် အမှောင်ထုဖြစ်တာကြောင့် ငိုချင်စိတ်ပါ ဖြစ်ပေါ်လာရသည်။

'မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး...  ဖေးစစ်ရန် လာကယ်မှာကို ငါက ဘာလို့စောင့်နေရမှာလဲ? လက်ရိှ အခြေအနေကို နားလည်အောင် ငါ့ဘာသာငါ အဖြေရှာရမယ်'

ထို့နောက် ကျန်းရှန် ဒီကိုရောက်နေရသည့်အကြောင်းအရင်အားရှာဖွေရန် မှတ်ဉာဏ်တို့အား အစအဆုံး ပြန်လည်တူးဖော်လိုက်သည်။ နိဂုံးချုပ်ရရင်တော့ ပထမဆုံး စာဖိုးမှူးပေးသည့် အချိုပွဲအား စားလိုက်ပြီးနောက် ဂုတ်ပိုးမှ နာကျင်မှုအားခံစားလိုက်ရပြီး အရာအားလုံး အမှောင်ကျသွားတော့သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now