Chapter-86(ချစ်စရာကောင်းသော မှော်ဝင်အချစ်တော်လေး)

5.5K 770 11
                                    

Unicode ❤️❤️

ချစ်စရာကောင်းသော မှော်ဝင်အချစ်တော်လေး(အိမ်မွေးတိရစ္ဆာန်လေး)

နောက်တစ်နေ့မနက်တွင် ကျန်းရှန် အစောနိုးထလာချိန်တွင် သူသည် ဖေးစစ်ရန်၏ ရင်ခွင်ထဲတွင်ရိှနေပြီး ဖေးစစ်ရန်လက်မောင်းပေါ်သို့ ခေါင်းအုံးနေမိမှန်း သတိထားမိလိုက်သည်။

ကျန်းရှန် အိပ်ယာမှထရင်း အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတို့အား ပွတ်သက်ကာ အကြောဆန့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်အား ရီဝေစွာကြည့်သည်။

ရုတ်တရက် ကျန်းရှန် ထိတ်လန့်သွားရသည်။ အကြောင်းကား သူ့အရှေ့တွင်ရိှနေသာ လေထဲတွင် မျောလွင့်နေသည့် မှော်ဝင်ငါးကြောင့်ပင်။ ထိုငါးကတော့  အမြီးခတ်၍ သူ့ဆီသို့ တည့်တည့်ပင်လာလိုက်သေးသည်။

ထင်ယောင်ထင်မှားဖြစ်နေသည်အထင်နှင့် ကျန်းရှန် မျက်လုံးတို့အား ပွတ်သပ်ကာ နောက်တစ်ကြိမ်မျက်လုံးဖွင့်ကြည့်လိုက်သည္။သိူ့သော် ထိုမှော်ဝင်ငါးကတော့ နေရာတွင်သာရိှမြဲပင်။ထိုငါးတွင် မကောင်းဆိုးဝါးနှင့်တူသော ဉီးချိုအနီရောင်တစ်စုံပင် ရိှနေသည်။

"ဒါ..ဒါက ကန်ထဲက ငါးမဟုတ်လား??သေစမ်း! ဒါကြီးက သန္ဓေပြောင်းသွားတာလား တစ်ခုခုများဖြစ်သွားတာလား? ဘာလို့ ချိုတွေ ရိှနေရတာလဲ? အရောင်လည်း ပြောင်းလဲသွားသလိုပဲ?"

ကျန်းရှန်သည် ငါး၏ဉီးခေါင်းအား ဗုံးတစ်လုံးကို တို့ထိသလိုမျိုး ထိကာ ချက်ချင်းပင်လ က်အား ထိတ်လန့်စွာဖြင့်ပြန်ရုတ်လိုက်ပြီး မျက်နှာတစ်ခုလုံးသည် ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသည်။

ထို မှော်ဝင်ငါးက ခေါင်းအားတစ်ဖြည်းဖြည်းချင်းရွေ့လျားကာ ကျန်းရှန်ကို ကြည့်လိုက်ချိန်တွင် ကျန်းရှန် ဘာလုပ်ရမယ်မသိ အကြံအိုက်သွားရသည်။ သို့သော်လည်း ထိုမှော်ဝင်ငါး၏ ပုံစံသည် အူတူတူအတတနှင့် ချစ်စရာကောင်းလွန်းသည့်ပုံစံဖြစ်နေတာကြောင့် ကျန်ရှန် အနည်းငယ်တော့ အကြောက်ပြေလျော့သွားသည်။

သူ့ဘာသာသူလည်း တစ်ကိုယ်တည်းညည်းတွားလေသည်။
"တမျိုးလေးတော့ ချစ်စရာကောင်းသား"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now