Chapter-89(ဖေးသခင်လေးစကားနားထောင်ကြ)

5.5K 818 26
                                    

Unicode ❤️❤️

ဖေးသခင်လေးစကား နားထောင်ကြ

"ခနနေအုံး"

ကျန်းရှန်က ရွှီချွမ်အား ရပ်တန့်စေလိုက္သည်။

"ဘာများ အလိုရိှပါသလဲ? သခင်လေး"

ရွှီချွမ်က အနောက်သို့လှည့်လာကာ ကျန်းရှန်၏ အမိန့်အားစောင့်ဆိုင်းနေသည်။ သူမပုံစံသည် အလွန် နာခံတတ်လွန်းသည်။

ကျန်းရှန်က ချက်ချင်းအမိန့်မပေးသေးပဲ အနောက်သို့လှည့်ကာ ဖေးစစ်ရန်အားကြည့်လိုက်သည်။ ထို့နောက် ခေါင်းကုတ်ကာ မဝံ့မရဲဖြင့်

"ဟိုလေ... ဖေးစစ်ရန်.. ကျွန်တော်တို့ ဒီငါးကို မကြော်ပဲထားလို့မရဘူးလား? အမှန်တိုင်းပြောရရင် သူ့ကြည့်ရတာ သနားစရာလေး"

"အဲ့ဒါလေးက မင်းကို ကိုက်ထားတာလေ  ဒါတေါင် မင်းက သူ့အတွက် ပြောပေးနေတာလား?" ဖေးစစ်ရန်က မျက်ခုံးအား ပင့်တင်ရင်း မေးလိုက်သည်။

အကယ်၍ လန်ယွမ်ကိုသာ ထိုအကောင်လေး ကိုက်ခဲ့မိလျှင် နေရာမှာတင် လန်ယွမ်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရမှာကျိန်းသေပင်။ ဖေးစစ်ရန် သူ၏ လက်အောက်ငယ်သားတို့အား ခိုင်းစေရန်ပင် မလိုအပ်လောက်ပေ။

"အရမ်းကြီး နာသွားတာမှမဟုတ်တာ.. အဲ့ကိစ္စကို မေ့လိုက်ပါတော့..သူ့ပုံစံလေးက ဉာဏ်ကောင်းမဲ့ပုံပဲ ပြီးတော့ ချစ်စရာလေး.. သူ့ကို ခွင့်လွှတ်ပေးလိုက်ပါလား?"

ကျန်းရှန် ဖေးစစ်ရန်အား စကားပြောနေချိန်တွင် အသံသည် တဖြည်းဖြည်းချင်း အားနည်းလာသည်။ဖေးစစ်ရန် ထိုကိစ္စအား သဘောတူညီမှုမပြုမည်ကို ကျန်းရှန် စိုးရိမ်နေမိသည်။

"ကောင်းပြီ... ခင်ဗျားကို ကျွန်တော့်အနမ်းတစ်ပွင့်ပေးမယ်ဆိုရင်ရောဘယ်လိုလဲ? သူ့ကိုလွှတ်ပေးမယ်မလား? ဒါက မျှတလွန်းတဲ့အပေးအယူတစ်ခုပဲ"   ထိုငါးအား ကယ်တင်နိုင်ရန်အတွက် အပေးအယူလုပ်မည်ဟု တွေးမိတာကြောင့် ကျန်းရှန် ဖေးစစ်ရန်အား ပြောလိုက်သည်။

ဖေးစစ်ရန် မှင်သက်သွားတော့သည်။ ဒါက မှော်ဝင်ငါးလေးတစ်ကောင်သာသာပါပဲ..ဒါလေးကို ကျန်းရှန် လိုချင်တဲ့စိတ်ဆန္ဒရိှမယ်ဆိုရင် သူ သိမ်းထားပေးဖို့ကို စိတ်မဆိုးတတ်ပါဘူး။ဖေးစစ်ရန်မထင်မှတ်ထားခဲ့မိတာက ထိုငါးတစ်ကောင်အတွက်နဲ့ ဒီလေါက်ထိ အရဲစွန့်ခြင်းကိုပင်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now