Unicode~~
(ချစ်ခြင်းမေတ္တာ)
ပိုင်ဟောင့်လုပ်ရပ်အတွက် ဟေးမင် ကျေနပ်ခြင်းမရိှ.. သူ့ရင်ဘတ်မှ နာကျင်ခြင်းသာဖြစ်ရသည်။
ပိုင်ဟောင် ပိုပြီးတက်ကြွနေလေ သူ့နှလုံးသားက ပိုနာကျင်လေ။ ပိုင်ဟောင်က ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို အပြင်းအထန်ခံစားနေရတဲ့အချိန်ဖြစ်နေတာကြောင့် ဟေးမင်ကို ဖက်ထားပေးရန် တောင်းဆိုခြင်းသည် အမှန်တကယ်တောင်းဆိုခြင်းမဟုတ်တာကြောင့်ပင်။
"နောက်ကျနေပြီ.. မင်း အိပ်သင့်ပြီ"
ဟေးမင် ပိုင်ဟောင်ရဲ့ ဝတ်စုံအား ကြယ်သီးပြန်တပ်ပေးရင်းပြောလိုက်သည်။
ပိုင်ဟောင် မျက်ရည်များ နောက်တစ်ကြိမ်ပြန်ကျလာပြီး သူ့နှုတ်ခမ်းတို့ကလည်း တုန်ယင်နေသည်။ ဟေးမင်ကို ရိုက်နိုင်ရန် သူ့လက်တစ်ဖက်ကိုမြှောက်လိုက်သည်။
"ငါ့ကိုဖက်ထားလို့ပြောနေတယ်လေ!!! ဘာလဲ ငါက မင်းအတွက် ဆွဲဆောင်မှုမရိှတော့လို့လား??!"
ပိုင်ဟောင် အရူးတစ်ယောက်လို ငိုရင်း နှုတ်ခမ်းတို့အား ကိုက်ထားရင်း ဟေးမင်ရဲ့ လက်တစ်ဖက်ကိုယူကာ သူ့အရာပေါ်သို့ တင်ရင် သူ့အား ထိတွေ့စေရန်ကြိုးစားလိုက်သည်။
အစကတည်းက ဟေးမင်ဒီီကိုရောက်နေခြင်းက သူ့ခန္ဓာကိုယ်အတွက်ကြောင့်သာဖြစ်သည်ဟု ပိုင်ဟောင်တွေးမိသည်။ ဒါ့ကြောင့်လဲ ဒီနည်းလမ်းနှင့် ဟေးမင်အား ပူးပေါင်းစေခြင်းဖြစ်သည်။ ဟေးမင်က သူလိုချင်တာရပြီးရင် ထွက်သွားမှာပဲ မဟုတ်လားသို့သော်လည်း ဟေးမင် သူ့အား ငြင်းလိုက်သည်။ သူ မှတ်မိနေတဲ့ ဆိုးရွားတဲ့နာကျင်မှုထက် ပို နာကျင်နေသည်။ ထိုနာကျင်မှုက သူ့ကလေးအားဆုံးရှုံးရတဲ့အချိန်တုံးကထက်ပိုပြီးနာကျင်လွန်းနေသည်။
"ခွေးကောင်..!! ငါ့ရဲ့ နှစ်နှစ်ရာငယ်ရွယ်မှုဘဝကိုဖြုန်းတီးခဲ့တဲ့အတွက် မင်း တာဝန်ယူပေးသင့်တယ်.. ခနစောင့်နေ!!"
မျက်ရည်စတို့ဖြင့် ပေါက်ကွဲလာကာ အော်လိုက်ရင်း ဟေးမင်အား ရိုက်လိုက်သည်။ အင်အားများလျော့နည်းလာခြင်းကြောင့် ဟေးမင်ရဲ့ အင်္ကျီစအား ပိုင်ဟောင် တင်းကြပ်စွာဆွဲထားကာ ဟေးမင်ရင်ဘတ်အား မျက်နှာအပ်၍ ငိုနေသည်။
CZYTASZ
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Wampiryကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...