Unicode ❤️❤️
ကျွန်တော် ကိုက်လိုက်ရင် ခင်ဗျားနာသွားမှာလား
ရှီချွဲ ရေကန်သို့ လျှောက်သွားကာ ငါးအား ကန်ထဲသို့ ပစ်လိုက်သည်။
"ဒီကိစ္စမှာ ငါးက သူ့အလိုလို ပြောင်းလဲသွားတဲ့ ပုံစံမျိုးပဲ.. ဘဟ်သူမှ သတိထားမိမှာမဟုတ်လောက်ဘူး"
ရှီချွဲ တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် အနီးတဝိုက်ကို သေချာအောင်စစ်ဆေးကြည့်ပြီးမှ အမြန် ပြေးထွက်လာသည်။
ကျန်းရှန်တော့.. စံအိမ်မှ ကားနဲ့ထွက်ခွါသွားကြသည်။
"ပူလိုက်တာ!"
ကားထဲတွင် အဲကွန်းဖွင့်ထားပေးတာကိုတောင် အပူချိန်နှင့်ပက်သက်၍ ကျန်းရှန် အထွန့်တက်ကာ ပြောလိုက်သည်။
"ကျွန်တော် နှလုံးသွေးကြော ပိတ်တော့မယ်ထင်တယ်.. ဖေးစစ်ရန်"
ကျန်းရှန်က ရေထဲမှ ကမ်းပေါ်သို့တင်လာတဲ့ သေအံ့ဆဲဆဲငါးတစ်ကောင်လိုမျိုး ဖေးစစ်ရန်ရဲ့ ပေါင်ပေါ်တွင် လဲလျောင်းနေသည်။
'သေလိုက်တော့... ခင်ဗျား သေချင်းဆိုးကြီး! အပြင်မထွက်ချင်ပါဘူးလို့ ဒီလေါက်ပြောနေတာကို စကားနားမထောင်ပဲ အတင်းဆွဲခေါ်လာတယ်'
ဖေးစစ်ရန်ရဲ့ သွေးအေးပုံကို ကျန်းရှန် စိတ်ထဲက ကြိတ်ပြောနေမိသည်။
သို့သော်လည်း သူ့မှာ ဖေးစစ်ရန်ကို ထပ်ပြီးဆူပူရန် အင်အားမရိှတော့ပေ။ သူ့တကိုယ်လုံး ပူလောင်နေသေည်လည်း ချွေးတစ်စက်မှမထွက်တာကြောင့် သူ စိုးရိမ်ပြီး စိတ်လှုပ်ရှားနေသည်။
"အဲကွန်းရဲ့ အပူချိန် လျော့လိုက်"
ဖေးစစ်ရန် ကားရှေ့ခန်းတွင် ရိှနေသော ပိုင်ဟောင်အားပြောလိုက်သည်။ ထို့နောက် ကားပြတင်းပေါက်အပြင်မှ ကျစ်ကျစ်တောက်ပူနေသော နေရောင်အား သူ့ကိုယ်လုံးနှင့် ကာပေးလိုက်တာကြောင့် ကျန်းရှန်ကို နေရောင်မထိနိုင်တော့ပေ။
"အပူချိန်က အနိမ့်ဆုံးရောက်နေပြီ" ပိုင်ဟောင် ပြန်ပြောလိုက်သည်။
"ဗန်ပိုင်းယားတွေက နေရောင်ကိုမကြောက်ပေမဲ့ အပူဒဏ်ကိုတော့ ခံနိုင်ရည်မရိှဘူးဆိုတာက မှန်သားပဲ.. ဒါ့ကြောင့် သူအခုလို စိတ်ျက်အားလျော့နေတာက သူ့အတွက်တော့ ပုံမှန်ပါပဲ"
ဘေးခံတွင် ထိုင်နေသော ဟေးမင်က ဝင်ပြောလိုက်သည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...