အပိုင်း (103) အစေခံလူသားလေးနှင့် သခင်နတ်ဆိုးလေး

945 100 3
                                    

Unicode (အစေခံလူသားလေးနှင်ြ သခင်နတ်ဆိုးလေး)

ပိုင်ဟောင်ထျန်းပုံစံသည် ခုနှစ်နှစ်သားအရွယ် ကလေးတစ်ယောက်ပုံစံဖြစ်သော်လည်း တကယ်တမ်း သူ့အသက်မှာ နှစ်ရာကိုမစွန်းသလောက်လေး ကျော်ပြီဖြစ်သည်။

အပြင်းဖျားခြင်းကြောင့်သာ သူ့ရဲ့ခန္ဓာကိုယ် ကြီးထွားမှု ရပ်တန့်သွာရသည်။

သူ့ရဲ့ လူငယ်ပုံစံအမှန်ကို လပြည့်နေ့တွင်သာ ပြောင်းလဲနိုင်သည်။ လပြည့်နေ့တွင် သူ့ရဲ့ပုံစံကို ပြန်လည်ထိန်းသိမ်းပေးနိုင်လောက်သည့် စွမ်းအားများ ပြည့်ဝနေခြင်းကြောင့်ပင်။

ကြီးထွားမှုရပ်တန့်သွားခြင်းသည် ပိုင်ဟောင်ထျန်းအတွက် နာကျင်စရာကိစ္စတခုပင်ဖြစ်သည်။

ထိုကိစ္စကြောင့်ပဲ လွန်ခဲ့တဲ့ နှစ် နှစ်ရာအတွင်း လူတောထဲမတိုးရဲခဲ့သလို အခန်းအပြင်ကို‌တောင် မထွက်နိုင်ခဲ့။

အကြောင်းရင်းကတော့ တော်ဝင်မိသားစုရဲ့ စောင့်ကြည့်ခြင်းခံနေရသောကြောင့်ပင်ဖြစ်သည်။ သူ့ကို အသုံးချပြီးဟေးမင်ကို ခြိမ်းခြောက်ကာ သူတို့အတွက် အလုပ်ဆက်လုပ်ရန် ဖိအားပေးထားသည်။

"အဖေ ငါ့အတွက် ကိုယ်ပိုင်အစေခံရှာပေးထားမယ်ဆို? ဘယ်မှာလဲ?" ပိုင်ဟောင်ထျန်း လမ်းလျှောက်ဝင်သွားရင်း မေးလိုက်သည်

"သခင်လေးရဲ့စံအိမ်ထဲမှာ သူစောင့်နေပါတယ်" အစေခံသည်လည်း သူ့နောက်သို့ အလျင်အမြန် အမီလိုက်ရင်း ဖြေလိုက်သည်။

ပုံမှန်နေ့ရက်တွေမှာတော့ သူမ အရှိန်မြန်မြန်လျှောက်စရာမလိုအပ်ပေ။ ပိုင်ဟောင်ထျန်းလိုက်မီလောက်သည့် အရှိန်ဖြင့်သာ လျှောက်ခဲ့ဖူးသည်။

"သူက ဘာမျိုးစိတ်လဲ"  ဘာကိုမှစိတ်မဝင်စားတဲ့ ပုံစံဖြင့် ပိုင်ဟောင်ထျန်း လေးတိလေးကန်ဖြင့်မေးလိုက်သည်။

အမှန်တကယ်လဲ နတ်ဆိုးတွေဝန်းရံထားတဲ့ပတ်ဝန်းကျင်မှာပဲ ကျင်လည်နေရတာကြောင့် သူ့အတွက် ပျင်းစရာကောင်းနေသည်။

"လူသားတစ်ယောက်ပါ သခင်လေး"

"လူသား?"

ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်ပြီး အစေခံဘက်သို့လှည့်ကာ မျက်ခုံးပင့်လိုက်မိသည်

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now