Unicode 🧛♂️🧛♂️
"ဖြစ်စဉ်တစ်ခုလုံးရဲ့ သက်သေခံဓာတ်ပုံကို ငါရထားတယ်.. မင်းအေးဆေးအနားယူလို့ရပညပြီ"
သန်းခေါင်ယံတွင် ကိုယ်ဝန်ဆောင်ကောင်ဘေးအား သယ်ဆောင်လာပြီး ဖေးစစ်ရန် နေရာတွင်အချိန်ကြာကြာမနေတော့။ သူ့လက်ထဲတွင် ဒေါသပုန်ထနေသော ကျန်းရှန်အား သယ်ဆောင်ထားကာ နေရာမှလှည့်ထွက်ရန်ပြင်လိုက်သည်။
"ကောင်းပြီ"
ပိုင်ဟောင်လည်း သူ့အား အချိန်ကြာကြာနေရန် မပြော။ နောက်မှ ဖေးစစ်ရန်အား အစီရင်ခံတင်ပြရန် အကြောင်းအရာတစ်ခုကျန်နေသည်ကို အမှတ်ရသွားသည်။ သူ့ကိုယ်သူ သတိပြန်ရသည့်အချိန်တွင် ဖေးစစ်ရန် ထွက်သွားပြီးနှင့်သည်။
'ငါတော်တော်တုံးတာပဲ.. ကျန်းရှန်က လန်ယွမ်ရဲ့ လူဝင်စားမဟုတ်တဲ့အကြောင်းကို ပြောပြရမှာကို..ရလောက်ပါတယ် ငါမနက်ဖြန်မှပဲ ပြောလိုက်တော့မယ် ..ဒါပေမဲ့ ဒီကိစ္စကို ဟေးမင်က ဘယ်လိုလုပ်ပြီးသိနေတာလဲ.. သူရည်ရွယ်္ချက်ရိှရိှ ပြောခဲ့တာလား??'
ပိုင်ဟောင် မျက်မှောက်ကြုတ်ကာ အလေးအနက်စဉ်းစားပြီး သိပ်မကြာခင်တွင် သူ့မျက်နှာတစ်ခုလုံး ဝမ်းနည်းရိပ် စိုးမိုးသွားသည်။ နာကျင်စွာသက်ပြင်းချက်ပြီး သူ့ဒဏ်ရါတို့အားသက်သာလာအောင် ဆိုဖာပေါ်တွင်သာ ပြန်လဲလိုက်တော့သည်။
အခုအချိန်မှာတော့ သူ ဟေးမင်အကြောင်းကိုလုံးဝမတွေးချင်။ သူ့အကြောင်းတွေးမိရတာလည်း နာကျင်ရလွန်းသည်။
တစ်ချိန်တည်းမှာပင် ပိုင်ဟောင်ရိှရာအခန်းနှင့် မျက်စောင်းထိုးက သစ်ပင်တစ်နေရာတွင်ရိှနေသော ဟေးမင် အဖြစ်အပျက်အားလုံးအား အစအဆုံးကြည့်နေသည်။ စီးကရက်အား မီးသတ်လိုက်ကာ ပိုင်ဟောင်၏နောက်ကျောအား တစ်ကြိမ်ထပ်ကြည့်ပြီးနောက် ပျံထွက်သွားတော့သည်။
တစ်နာရီကြာပြီးနောက် တောအုပ်ထဲရိှ စံအိမ်တစ်ခု၏ ဒုတိယထပ် ဝရံတာတွင် သူရပ်တန့်လိုက်သည်
စီးကရက်တစ်လိပ်အား မီးထပ်ညှိကာ ပြင်သစ်ပြတင်းပေါက်အားဖြတ်၍ အခန်းထဲသို့ ဝင်လာသည်။
BẠN ĐANG ĐỌC
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Ma cà rồngကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...