Chapter-84(ဖေးစစ်ရန်၏ နူးညံ့ငြင်သာခြင်း)

5.5K 822 12
                                    

Unicode ❤️❤️

ဖေးစစ်ရန်၏နူးညံ့ငြင်သာမှု

'သေလိုက်ချင်တော့တယ်.. ခင်ဗျား အဲ့ကိစ္စကို ရှော်ပေးလို့မရဘူးလား? ဘာလို့ ဒီအထိ သယ်လာတာလဲ'

ဖေးစစ်ရန်ဘာကို ဉီးတည်ပြောနေလဲဆိုတာကို သိနေတာကြောင့် ကျန်းရှန် စိတ်မကောင်းဖြစ်ကာ တစ်ကိုယ်တည်းညည်းတွားလိုက်သည်။

"ကောင်းပြီလေ.. ကျွန်တော့်ကို မနှိပ်ပေးဘူးပေါ့ ဟုတ်လား? ဒါဆိုလည်း ဒီကိုယ်ဝန်ကို ဖျက်ချလိုက်ရုံပေါ့.. ဒါမှ သူ ကျွန်တော့်ကို နောက်ကျောနာအောင္ရော ခြေထောက်တွေယောင်အော်ရော မလုပ်နိုင်မှာ"

ကျန်းရှန်က 'ဟွန်း' ခနဲ နှာမှုတ်ကာ အခြားတစ်ဖက်သို့ မကျေမနပ်စွာကြည့်နေသည်။

သူ့ရဲ့ပေါက်ကွဲမှုသည် ဘယ်သောအခါမှကောင်းကျိုးမရိှ  အဲ့ဒါကို ဖေးစစ်ရန်ရဲ့ သူ့အားပြောဆိုပုံက ပို၍ ဆိုးဝါးစေသည်။

ကျန်းရှန်ပြောစကားကြားပြီးနောက် ဖေးစစ်ရန်မျက်မှောင်ကြုတ်ကာ မျက်လုံးများသည်လည်း အန္တရာယ်အတိ ဖြစ်လာသည်။
"မင်း မလုပ်ရဲပါဘူး"

"ဒါဖြင့် ကျွန်တော် အဲ့ဒါကိုလုပ်ရဲတဲ့သတ္တိအလုံအလောက်ရိှမရိှ စောင့်ကြည့်လိုက်လေ"

ကျန်းရှန်သည် အလျော့မပေးပဲ နောက်တစ်ကြိမ် နှာမှုတ်လိုက်သည်။

ဖေးစစ်ရန်ပုံစံကတော့ ပို၍ မသာမယာဖြစ်လာကာ ကျန်းရှန်ကိုသာကြည့်နေသော သူ့မျက်လုံးတို့သည် အေးစက်လွန်းသည်။

ရုတ်တရက် ဖေးစစ်ရန် တွေဝေသွားရသည်။

သူ့ရှေ့မှာရိှနေသော လူသည် ယခင်က ကျန်းရှောင်လုံးဝမဟုတ်ပဲ ကျန်းရှန်ဖြစ်နေတာကြောင့် သူ့အမိန့်ကို ဘယ်နည်းနဲ့မှ နာခံမည်မဟုတ်သလို သူကိုတော့ လုံးဝမကြောက်တော့ကြောင်းကို သတိရသွားသည်။

'သေစမ်း.. ငါ ဒီအကြောင်းကို မေ့နေတာ'
မျက်ခုံးစပ်နားအား လက်ဖြင့်ထောက်ကာ သက်ပြင်းချလိုက်သည်။

"ဒီကိုလာခဲ့"

ဖေးစစ်ရန်က ပေါင္ကိုပုတ်ပြကာ ကျန်းရှန်အား သူ့ဆီသို့ ရွေ့လာစေခြင်းပင်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now