Chapter-87(ချစ်ခြင်းမေတ္တာတွေခနထားပြီး ငါ့ကိုအရင်လွှတ်ပေး!)

5.2K 814 49
                                    

Unicode ❤️❤️

ချစ်ခြင်းမေတ္တာတွေကိုခနထားပြီး ငါ့ကို အရင်လွှတ်ပေး!

"ဒီ မှော်ဝင်အချစ်တော်လေးက စကားရော ပြောနိုင်လား?"

ကျန်းရှန် မှော်ဝင်ငါးအား လေထဲတွင် ရေကူးခတ်ပေးခြင်းအားရပ်တန့်လိုက်ကာ ထိုအရာလေးအား စူးစမ်းလိုစိတ်ဖြင့်ကြည့်ရင်း တစ်ယောက်တည်း ပြောကာ ထိုငါးလေးအား လက်ဖြင့်ပင် တို့ထိလိုက်သည်။

အခုချိန်မှာတော့ ကျန်းရှန်၏ အာရုံစူးစိုက်မှုသည် ထို မှော်ဝင်ငါးအပေါ်တွင်သာ ရိှနေပြီး သူ့အား အနောက်မှ သိုင်းဖက်ထားရင် ပခုံးပေါ် မေးတင်ကာ အနားယူနေသည့် ဖေးစစ်ရန်ကိုပင် သတိမထားမိပေ။

မှော်ဝင်ငါးကတော့ နောက်ဆုံးတွင် အသက်ရှူပေါက်ချောင်ရန် အခွင့်အရေးရသွားတော့သည်။ ကျန်းရှန်သာ သူ့အား နောက်ထပ် သုံးလေးပတ်လောက် ကူးခတ်ခိုင်းရင် သူ သေဖို့သာ ရိှတော့သည်။

'ဘယ်လို သခင်မျိုးလဲ? ဘာလို့ ဒီလေါက်တောင် လျစ်လျူရှုနိုင်ရတာလဲ? ငါး တစ်ကောင်ကို ဒီလိုမျိုး ရေကူးခိုင်းလို့မရဘူးလေ? အကျင့်မကောင်းတဲ့သခင်!'

မှော်ဝင်ငါးသည် စိတ်ထဲတွင် ပေါက်ကွဲလာကာ ကျန်းရှန်အား စိတ်ဆိုးစပြုလာသည်။

ဒေါသပေါက်ကွဲလာတာကြောင့် ကျန်းရှန်လက်ထဲမှ လွတ်အောင် ရုန်းကာ အမြီးဖြင့် ကျန်းရှန်မျက်နှာအား ရိုက်လိုက်သည်။ အငြိုးမှစတင်လာကာ
'နောက်တစ်ခါ ရေကူးခိုင်းရင် သင်ခန်းစာပြန်ပေးပစ်မယ်... အဲ့ဒီ့မျက်နှာကို ရိုက်ပစ်မယ်! ကြားလား! မင်းကို ပြောတာ!'

သို့သော်လည်း သူ့ရဲ့အမြီးသည် ကျန်းရှန်အပေါ်တွင် သက်ရောက်မှုမရိှပေ။ထို့နောက် ကျန်းရှန်က လက်ချောင်းတစ်ခုတည်းဖြင့် မှော်ဝင်ငါးအား အသာလေးပုတ်ထုတ်လိုက်သည်။

"ဘာလုပ်နေတာလဲ? ငါ့ကို ရိုက်နေတာလား??"

ကျန်းရှန် ကြောင်တောင်တောင်ဖြစ်သွားသည်။ ကျန်းရှန်က ဂိမ်းတစ်ခုကစားနေသလို ထိုမှော်ဝင်ငါးလေးအား အကြိမ်ပေါင်းများစွာ ပုတ်ထုတ်နေသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Donde viven las historias. Descúbrelo ahora