Chapter-21(ခန္ဓာကိုယ်ပြောင်းလဲခြင်း)

11.2K 1.6K 5
                                    

Unicode ❤️❤️

"မင်းငါ့ကို ရန်တွေ့မလို့မဟုတ်လား? ဘာလို့ ပြန်မပြောတာလဲ.. ငါ့ကိုအော်လိုက်လေ.. လုပ်စမ်းပါ အော်ကြည့်လိုက်"

ဖေးစစ်ရန် အေးစက်ပြီး ရန်စနေသည့်အကြည့်တို့ဖြင့် ကြည့်ရင်း ကျန်းရှန်၏ ပါးအား ကိုင်ထားသည်။

'အော်ချင်တာပေါ့ဟ! ငါ့ကို အခွင့်အရေးသာ ပေးမယ်ဆိုရင်..'

ကျန်းရှန် စိတ်ထဲမှာ ကျယ်လောင်စွာ ရေရွတ်နေပေမဲ့ တကယ်တမ်းကျတော့ အသံကျယ်ကျယ်ဖြင့် ပြန်ပြောရန် ​ကြောက်ရွံ့နေသည်။ ထို့နောက် သူ့ခေါင်းသူ ပွတ်သပ်ကာ ကိုးရိုးကားယားနိုင်စွာပြုံးပြလျက်
"ကျွန်တော် ခံစားနေရတာက ဆာလောင်မှုလားမသိဘူး?? ဟုတ်တာပေါ့... ကျွန်တော့်ဘာသာကျွန်တော် အောက်ထပ်ကိုဆင်းပြီး စားစရာသွားရှာလိုက်အုံးမယ်"

သူ့စကားဆုံးသည်နှင့် ဖေးစစ်ရန် ပေါင်ပေါ်မှ ချက်ချင်းထလိုက်သည်။ အမြန်ထွက်ပြေးဖို့ လုပ်နေတဲ့အချိန်မှာတင် ဖေးစစ်ရန်က သူ့အား ပြန်ဆွဲယူကာ ပေါင်ပေါ်တွင်သာ ပြန်ထိုင်စေလိုက်သည်။

'သေစမ်း! ငါ့ကို ထပ်ပြီး ချီထားပြန်ပြီလား.. သူဘာကိုဆိုလိုချင်နေတာလဲ'

ကျန်းရှန် ဖေးစစ်ရန်ရဲ့မျက်နှာကို ပိတ်ရိုက်ချင်လောက်အောင်ကို ဒေါသထွက်နေမိသည်။ လက်တွေ့မှတော့ တကယ်မလုပ်ရဲတော့လည်း မျက်လုံးများမြှုပ်ဝင်သည်အထိပြုံးပြကာ
"အောက်ထပ်ကို အတူတူသွားချင်လို့လား?? လာလာ.. သွားရအောင်လေ"

"အောက်ထပ်ကို အတူတူသွားမယ်လို့ မင်းကို ဘယ်သူပြောလို့လဲ??"
ဖေးစစ်ရန် က စိတ်မဝင်စားသော လေသံဖြင့် ပြောလိုက်သည်။

'WHAT THE F*CK! ဒါဆို ခင်ဗျားက ရည်ရွယ်ချက်ရိှရိှနဲ့ ပေါင်ပေါ်ထိုင်ခိုင်းနေတာလား! '
ကျန်းရှန် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

"မင်းဗိုက်ဆာနေရင် ငါ့ရဲ့သွေးကို သောက်ခွင့်ပေးမယ်"
ဖေးစစ်ရန် ကျန်းရှန်ရှေ့တွင် သူ့လက်မောင်းအား မြှောက်ပေးကာ ပြောလိုက်သည်။

ကျန်းရှန် ချက်ချင်းဆိုသလို မျက်မှောင်ကြုံမိသည်
'ငါက သူအစာကျွေးရမဲ့ အိမ်မွေးတိရစ္ဆာန်မှ မဟုတ်တာ.. သူ သောက်ခိုင်းတဲ့အခါတိုင်း ငါ့ကို သောက်ခိုင်းစရာလား! ငါ့မှာလည်း ငါ့သိက္ခာနဲ့ငါရိှတယ်'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now