မှတ်ဉာဏ်ဖျောက်ဖျက်ခြင်း (Unicode Version)
"သခင် ကျွန်တော်ဒီကိစ္စကို သေချာစုံစမ်းလိုက်ရမလား"
စာဖိုမှူးလည်း တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"မလုပ်နဲ့ ဖေးစစ်ရန် မိသားစုရေးကိစ္စ အနံ့မခံချင်စမ်းနဲ့"
"နားလည်ပါပြီ"
စားဖိုမှူးလည်း ပါးစပ်ပိတ်ကာ အမိန့်အတိုင်း သူ့ ဘေးနားသို့ ပြန်ရပ်နေလိုက်သည်။
"မင်းရဲ့ဇနီးကို မင်းနဲ့အတူခေါ်ပြီး အိမ်တော်ကို ဒီတိုင်းစွန့်ခွာဖို့တော့ ငါ အကြံပေးချင်တယ် မင်းရဲ့ဇနီးက ဒီအတိုင်းပဲ ဆက်ပြီး နေမကောင်းဖြစ်နေရင် တခြားသခင် တွေက မကျေမနပ် ပြောလာကြလိမ့်မယ်"
အဘယ်ကြောင့်ဆိုသော် ရှောင်မို နာကျင်မှုအား ခံစားရသောအချိန်တွင် သူ၏ မှော်နက်အစွမ်းများ ပျံ့နှံ့လာတတ်သည်။ ရှောင်မို၏ နာကျင်သောအသံသည် ကျောက်နံရံဖြင့် တည်ဆောက်ထားသော မြေအောက်ခန်းမှ ထိုးဖောက်ကာ ညဘက်အချိန်တွင် အခြားသူများအား သည်းမခံနိုင်အောင် အနှောင့်အယှက် ပေးတတ်သောကြောင့်ပင်။
"မင်းရဲ့အကြံဉာဏ် အတွက် ကျေးဇူးတင်ပါတယ်"
ဖေးစီရမ်လည်း ပြန်လှည့်ထွက်လာကာ ရှောင်မိုဆီသို့သာ တည့်တည့်လျှောက်လာလိုက်သည်။ အရှင်းဆုံးဆိုရလျှင် သူသည် ဟေးမင်၏ အကြံပေးချက်အား လေးနက်စွာ အတည်ယူခြင်းမပြုပေ။
"အင်း..... နောက်ထပ်အကြံတစ်ခုပေးလိုက်အုံးမယ် မင်း သူ့ရဲ့သွေးကို ဒီတိုင်းမသုံးသင့်ဘူး
သူ့သွေးတွေကို မင်းဇနီးရဲ့ခန္ဓာကိုယ်ထဲ ချက်ချင်းသွင်းလိုက်ရင် မမျှော်လင့်ထားတဲ့ ထိတ်လန့်စရာ တစ်ခုခု ဖြစ်လာနိုင်တယ် မင်း အဲ့သွေးကို အသုံးမချခင် သေချာ ထပ်စဉ်းစားပါအုံး"
ထိုစကားအားကြားလိုက်ချိန်တွင် ဖေးစီရမ်၏ မျက်နှာထား ချက်ချင်းပင် ပြောင်းလဲသွားသည်။
"အဲ့တာ ဘာကို ဆိုလိုချင်တာလဲ"
ဟေးမင်ဘက်သို့ ပြန်လှည့်ကာ သူ့အား မျက်မှောင်ကြုတ်၍ကြည့်ရင်းမေးလိုက်သည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...