Unicode ❤️❤️
သားရဲများ၏ အုပ်ချုပ်မှု
"ဘာ!! ဖေးစစ်ရန်က ငါ့စခန်းတွေကို ဖျက်စီးပစ်လိုက်တယ်?"
ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာတဲ့ နောက်လိုက်တစ်ဉီးဆီမှ သူ့ရဲ့စခန်းတွေ ပျက်စီးသွားကြောင်းကို ဖုန်းထဲမှတဆင့် သတင်းကြားရသောအချိန်တွင် ရှန်ဇီဟောင် ဒေါသထွက်သွားသည်။
ထို နောက်လိုက်တပည့်သည် နံရံအကွယ်တစ်ခုတွင် ကပ်နေရင်း ဖေးစစ်ရန် ပြန်ထွက်သွားသည်ကို ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်မှ သွေးများ အန်ပြီးနောက်
"ဟုတ်ပါတယ် သူပါပဲ.. သူနဲ့အတူ ပိုင်ဟောင်ရယ် ကောင်းကင်မှာ ပျံနိုင်တဲ့ ငါးတစ်ကောင်ရယ် ပါပါတယ္""ကောင်းကင်မှာ ပျံနိုင်တဲ့ငါး?? ဘာကြီးလဲ??"
"ကျွန်တော်လည်း သေချာတော့မသိပါဘူး.. တစ်ကိုယ်လုံက အနီရောင်နှင့် ခေါင်းမှာလည်း ဉီးချိုပါပါတယ်.. ကြည့်ရတာ သွားရှုပ်လို့ ရတဲ့ အကောင်မျိုးတော့ မဟုတ်ဘူး"
နောက်လိုက်ဖြစ်သူသည် ထိုစကားအား ပြောပြီးနောက် သွေးထပ်အန်ကာ နေရာမှာတင် လဲကျသွားတော့သည်။
အမှန်တကယ်ပင် စခန်းထဲတွင် အလောင်းကောင်များစွာဖြင့် ရှုပ်ပွနေပြီး အသက်ရှင်သန်သူတချို့သည် နာကျင်မှုဖြင့် အော်ညည်းနေကြသည်။
"Hello hello~"
'သေစမ်း... သေသွားတာများလား??'
ကြားခဲ့ရတာတွေအတွက် ရှန်ဇီဟောင် ဒေါသထွက်ကာ ဖုန်းအား ဖျက်စီးလိုက်သည်။
"ဆရာ ဖေးစစ်ရန် စံအိမ်ကို လွှတ်လိုက်တဲ့ လူတွေဆီကနေ သတင်းရပါတယ်" နောက်လိုက်တစ်ယောက်သည် ရုံးခန်းထဲသို့ အပြေးအလွှားဖြင့် လာပြောသည်။
"ပြောမှသာ ပြောစမ်း!!" ရှန်ဇီဟောင် လက်သီးပါ ဆုပ်လိုက်သည်။
"သူတို့ပြောတာကတော့ ဖေးစစ်ရန်ရဲ့ ဇနီး ပျောက်ဆုံးနေပြီး ဖေးစစ်ရန်ကလည်း စံအိမ်အပြင်ကို ထွက်သွားပါတယ်? ကျွန်တော်တို့ ဘာဆက်လုပ်ရမယ်"
"ဘာ?! ဖေးစစ်ရန် ဇနီးက ပျောက်နေတယ်? ငါတို့ဘက်က ပြန်ပေးဆွဲတာမဟုတ်ပဲနဲ့လား?"
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...