Chapter-8(ကျန်းရှန်ကိုပေါင်ပေါ်ထိုင်ခိုင်းလိုက်တယ်)

14K 2.2K 18
                                    

Unicode  🖤❤️

'Fu*k!! ကိုယ့်လူနဲ့ကိုယ့်ဘာသာကိုယ် ကစားပါလားဟ?ဘာလို့ငါ့ကိုခေါ်နေသေးတာလဲ အလှထိုင်ကြည့်မလို့လား!?'

မကျေနပ်မှုအားလုံးကို စိတ်ထဲတွင်သာပြောပြီး.. ကျန်းရှန် ဖေးစစ်ရန်ရဲ့အမိန့်ကိုမငြင်းဆန်ရဲတဲ့အဆုံး သူခိုင်းတဲ့အတိုင်းသာ သူ့ဆီသို့ လမ်းလျှောက်လာလိုက်သည်။

"ဘာလဲ!ပြော" ကျန်းရှန် နှုတ်ခမ်းဆူကာ စိတ်မပါစွာမေးလိုက်သည်။

ဖေးစစ်ရန်ကတော့ ဘာစကားမှမပြောပဲ သူ့ကို ဆိုဖာပေါ်ထိုင်ခိုင်းသည့်သဘောဖြင့် ဆိုဖာအား ပုတ်ပြသည်။

'စကားနဲ့ပြောလိုက်တော့ ဘာဖြစ်မှာမလို့လဲ သူ့ကို ရိုက်သတ်မှာကျနေတာပဲ!!'

ကျန်းရှန်ရဲ့ဒေါသကတော့ အတွင်းစိတ်ထဲမှာ အတော့်ကို ကြီးမားနေပြီ။ ဒါပေမဲ့လည်း ဖေးစစ်ရန်ရဲ့ အသတ်ခံရမှာကိုကြောက်ပြီး ရွေးချယ်မှုလည်းမရိှတာကြောင့်  ဖေးစစ်ရန်နဲ့ အဝေးကွာဆုံးနေရာတွင်သာ..ထိုင်လိုက်သည်။

"ဘာလို့ငါနဲ့အ​ဝေးကြီးမှာ ထိုင်နေတာလဲ? ငါမင်းကို အစိမ်းလိုက်ဝါးစားမှုကြောက်လို့လား..?"

ဖေးစစ်ရန်က ကျန်းရှန်ရဲ့ လှည့်စားမှုကို ချက်ချင်းအာရုံခံမိသွားသည်။ ကျန်းရှန်ကို မတူညီသော အကြည့်မျိုးနဲ့ကြည့်လိုက်သည်။ သူနဲ့ဝေးဝေးထိုင်တဲ့ကိစ္စနဲ့ပက်သက်၍ သူလုံးဝ စိတ်ကျေနပ်မှုမရိှကြောင်း ​ပြသသော အကြည့်မျိုးပင်။

'ဟုတ်တယ်လေ... ခင်ဗျားက အစိမ်းလိုက်ကို ဝါးစားမှာ..  ငါ့ဘက်က လုံးဝသေချာသိတဟ်..'

စိတ်ထဲမှာတော့ သူပြောချင်တာတွေအကုန်​ဖွင့်ဟပြောနေပေမဲ့ လက်တွေ့မှာတော့ ထိုစကားလုံးများအား ပြန်မျိုချထားရသည်။ ဖေးစစ်ရန်ဆိုတဲ့လူက အနားမကပ်နိုင်အောင်ကို သူ့အတွက် အန္တရာယ်ရိှတဲ့ လူတစ်ယောက်ပင်။

"ငါ နံပါတ်စဉ် သုံးအထိရေမယ်... မင်း ဒီနားမှာ လာထိုင်ရင်ထိုင် မထိုင်ရင် ငါမနေ့ညက မင်းကိုလုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်မှာ... ခုချက်ချင်း ဒီနေရာမှာ....."

ဖေးစစ်ရန် လက်ထဲက စာရွက်တို့အား ချကာ အေးဆေးသောလေသံဖြင့်ပြောသည်။ သူ့အသံက အရမ်းအပြင်းလွန်းပေမဲ့ သူ့ပုံစံကတော့ ကျောချမ်းစရာကောင်းအောင် အေးတိအေးစက်ဖြင့်ပင်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now