Chapter-25(မျိုးရိုးသန့်စင်သူ၏heatဖြစ်စဉ်)

10.1K 1.5K 6
                                    

Unicode 🧛‍♂️🧛‍♂️

"ထစမ်းပါ ပိုင်ဟောင်လေးရာ!! မင်း ဒီ့ထက်ကိုပိုလုပ်နိုင်ပါတယ်.. ဘာလဲ!! ဘာလို့ဒီတိုင်းပဲ ဒီအေါက်မှာ လဲနေတော့မှာလဲ?? မင်းဘာလို့မထတာလဲ"

ပိုင်ဟောင်နဲ့သူ့ကြားမှ အကွာအဝေးတွင် သူ့ရဲ့အစွမ်းနဲ့ လျင်မြန်သောအရိှန်သည် လွှမ်းမိုးသွားပြီး အရိပ်ကျနေသော နံရံဘက်တွင် ရပ်နေသော ဟေးမင် ကျိုးပျက်သွားသောရေချိုးခန်းထဲသို့ သူ့ရဲ့ခြေတံရှည်တွေနဲ့အတူ မျက်လုံးများကိုလည်း ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဝင်လာသည်။

ဟေးမင် ဝင်လာသည့်အချိန်တွင် ပိုင်ဟောင် သူ့ရဲ့နာကျင်နေသော အစာအိမ်အားဖိနှိပ်ကာ နံရံအားလက်ဖြင့်ကိုင်ကာ ကိုယ်ကိုထိန်းထားပေမဲ့ သူ့ကိုယ်သည် မြေပြင်ပေါ်သို့ ခနခနလဲကျနေသည်။ ဒါက သူ့ရဲ့ဒဏ်ရါတွေ မသက်သာသေးပဲ သွေးတွေတလက်စက်ကျနေကြောင်း ထင်ရှားလွန်းသည်။

ပိုင်ဟောင်ရဲ့ ထိန့်လန့်စရာကောင်းတဲ့အခြေအနေကိုမြင်တော့ ဟေးမင်တပည့်များက သူ့အားဆက်သွယ်သည်။

'သူ့ဒဏ်ရါတွေ မပျောက်သွားဘူးလား..ဘာကြောင့်လဲ??'

"ငါသိပြီ.. ဒါ့ကြောင့် မင္းငါ့ကိုတွေ့တိုင်းကြောက်လန့်ပြီးထွက်ပြေးနေခဲ့တာပဲ.. အခု မင်း heat ဖြစ်နေတယ် မဟုတ်လား" ဟေးမင် devil အပြုံးပြုံးလျက်ဆိုသည်။

ဟေးမင်ကို တွေ့ရမှာကြောက်ရွံ့နေတဲ့ အကြောင်းပြချက်က မှန်ကန်နေတာကြောင့် ပိုင်ဟောင် ငြိမ်နေလိုက်သည်။

"heat ဖြစ်နေတဲ့အချိန် ငါ့အစွမ်းတွေနဲ့ မင်းကို ကိုင်တွယ်နိုင်တယ်"

ပိုင်ဟောင် ဒေါသထွက်စွာဖြင့် အနားမှ ရေချိုးခန်းဘောင်အား ကန်ထုတ်လိုက်ကာ လေထဲတွင် လွင့်မျောလာတဲ့ အပိုင်းအစတို့က ဟေးမင်ဆီတည့်တည့်ရောက်လာသည်။

သို့သော် လမ်းတစ်ဝက်မှာတင် ထိုအပိုင်းအစတို့က လေထဲ၌ ရပ်တန့်သွားကြတော့သည်။ သူ့ဆီသို့ ဉီးတည်လာနေသော အပိုင်းအစတို့အား လက်တစ်ဖက်မြှောက်လိုက်ရုံနဲ့တင် လေထဲတွင် ရပ်တန့်စေလိုက်ကာ သူ့လက်ပြန်ချလိုက်သည်နှင့် ထိုအပိုင်းအစအားလုံး အမှုန်အဖြစ် ကျေမွသွားတော့သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ