Chapter-31(လည်ပင်းမှကိုက်ရာ)

9.6K 1.5K 29
                                    

Unicode  ❤️❤️

"ကျေးဇူးပဲ"

သူ့ကို ကမ်းပေးလိုက်တဲ့ ဖုန်းအား ယူကာ သူ့အရှေ့တွင် ခနထားပြီးမှ ကျန်းရှန် တစ်စုံတစ်ခုအားတွေဝေပြီး ထိုဖုန်းအား သူ့ဘေးနားသို့ပြန်ရွေ့လိုက်သည်။ထို့နောက် ဟာသအစီအစဉ်အားဆက်ကြည့္ကာ လက်ထဲတွင်လည်း မုန့်အပြည့်ဖြင့် စားသောက်နေသည်။

ဖေးစစ်ရန် လျစ်လျူရှုခြင်းခံထားရတာကြောင့် အလိုမကျစွာမျက်မှောင်ကြုတ်လိုက်သည်။ ကျန်းရှန်သူ့ကို မကြောက်တော့ဘူးဆိုတာ သိနေပေမဲ့ သူ့အပေါ် အလေးအနက်ထားမှုမရိှတာက အဆိုးဝါးဆုံးပင်ဖြစ်သည်။

'ဒီကောင်လေးက ငါ လည်ပင်းထညစ်တဲ့တစ်ချိန္ပဲ ငါ့ကိုကြောက္တာ'

"အလုပ်ကိစ္စနဲ့ ငါ ရက်အနည်းငယ်ခရီးထွက်ရမယ်"
ဖေးစစ်ရန် သူ့အနားတွင်ရပ်ကာ ပြောလိုက်သည္။

"အော်.. ကံကောင်းပါစေ"

သူပြောတာကိုကြားချိန်တွင် ကျန်းရှန် လက်တစ်ဖက်အား ဝှေ့ယမ်းပြကာ ပြောပြီးနောက် ဟာသအစီအစဉ်ကိုသာ ဆက်ကြည့်နေလိုက်သည်။သို့ပေမဲ့ မကြာခင်တွင် တီဗီပိတ်သွားသည်။

"ဘာလဲ?? ဒီမှါ တီဗီကြည်္နေတယ်လေ မမြင်ဘူးလား!? ခင်ဗျားကို ဘယ်သူက တီဗီပိတ်ခိုင်းနေလို့လဲ??"

ကျန်းရှန် ဒေါသထွက်စွာပြောရင်း ရီမုအား လှမ်းယူရန်ပြင်လိုက်သည်။ သို့ပေမဲ့ ဖေးစစ်ရန်က ထိုရီမုအား အမြန်လှမ်းယူလိုက်ကာ ကျန်းရှန်မမီအောင် အပေါ်သို့မြှောက်ထားလိုက်သည်။

ကျန်းရှန် ဆွံ့အသွားရသည်။
"ခင်ဗျားဘာဖြစ်နေပြန်တာလဲ"

'လွန်ခဲ့တဲ့ ၁၀စက္ကန့်အထိ အကောင်းကြီးပါ အခုမှ ဘာထဖောက်လာတာတုံး??'

"ငါမင်းကို ပြောနေတာကို ဘာလို့ တီဗီပဲ ကြည့်နေရတာလဲ" ဖေးစစ်ရန်မျက်နှာသည် ကြောက်ဖို့ကောင်းနေပြီး အန္တရာယ်အငွေ့အသက်များပါနေသည်။

"ဘာ!! ကျွန်တော်ခင်ဗျားကို ပြန်ဖြေတယ်မဟုတ်လား?? ဘာလို့ ဒေါသထွက်နေရတာလဲ.. ကျွန်တော် ခင်ဗျားကို လျစ်လျူမရှုပါဘူး"

'သေလိုက်ပါတော့!! အသေးအဖွဲကအစ လိုက်ရစ်နေတဲ့ လူရိှသေးတာပဲလား"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now