Chapter-16(မထင်မှတ်ထားသောကျည်ဆန်တစ်ခု)

11.2K 1.7K 8
                                    

Unicode  🔫🔫

"ကျွန်မအမှားပါ မစ္စတာဖေး.. ကျွန်မ ဓာတ်ပုံကို တွေ့လိုက်လို့ မစ္စဖေး ပြန်ရောက်လာပြီလို့ ထင်လိုက်မိတာပါ.. ဒါ့ကြောင့် အမှတ်မထင် ပြောလိုက်မိတာပါ ကျွန်မ တောင်းပန်ပါတယ်.."

အတွင်းရေးမှူးပိုင်သည် သူမလက်တို့ကို ကိုင်ထားကာ ကြောက်ရွံ့စွာ ခေါင်းကို ငုံ့နေလျက် တစ်ကိုယ်လုံးကလည်း တုန်ယင်နေသည်

'ဓာတ်ပုံ.. ဘာဓာတ်ပုံလဲ..? ငါနဲ့တူတယ်ဆိုတဲ့ ကောင်လေးရဲ့ဓာတ်ပုံများလား.. ဒါ့ကြောင့် သူငါ့ကို တခြားတစ်ယောက်နဲ့ လူမှားသွားတာလား..ဒါပေမဲ့ မစ္စ ဆိုတော့..  ဖေးစစ်ရန်ရဲ့ ဇနီးပေါ့.. ဒါပေမဲ့ ယောက်ျားလား မိန်းမလား..??'

"ခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွား!"  နားစည်အူထွက်စေသည်အထိ ကျယ်လောင်သော အသံဟိန်းဟိန်းတစ်ခုသည် တစ်ခန်းတစ်ခုလုံးကို ပဲ့တင်ထပ်စေသည်။

"နားလည်ပါပြီ"

အတွင်းရေးမှူးပိုင်လည်း ဆက်မနေရဲတော့တဲ့အဆုံး ထိုအခန်းမှ အမြန်ပြေးထွက်ခဲ့လိုက်သည်

"ကောင်းရော..!အခု ခင်ဗျားရဲ့ စွရူး လုပ်ရပ်တွေကို ကျွန်တော်ကဆက်ပြီး ဒဏ်ခံပေးရမှာလား..  တော်ပြီ ကျွန်တော် သွားနှင့်ပြီ.."

ကျန်းရှန်နေရာမှထကာ ထွက်သွားဖို့ အသင့်ဖြစ်နေပြီ..
သူ ဖေးစစ်ရန်ကို ဆက်ပြီးသည်းမခံနိုင်တော့ တစ်စက္ကန့်လေးတောင် အနားမှာနေပြီး သည်းခံနိုင်စွမ်းမရိှတော့။

"ငါမင်းကို ဒေါသမထွက်မိခင် ဒီကိုပြန်လာပြီး ထိုင်လိုက်တာ ပိုကောင်းမယ်"
ဖေးစစ်ရန် အေးစက်စွာဆိုလိုက်သည်။

"ဘာကြောင့်လဲ?? အခုရော ဒေါသထွက်နေတာမဟုတ်ဘူးပေါ့?"

ကျန်းရှန် နောက်ပြန်လှည့်ကြည့်ရင်း ဖေးစစ်ရန်အား လှောင်ပြောင်လိုက်သည်။ ဖေးစစ်ရန်ကို သူ လက်ခလယ်ထောင်ပြရန်ဆဲဆဲတွင် ဖန်ကွဲစ ကျကွဲသံနှင့်အတူ ပြင်သစ်ပြတင်းပေါက်အား အစိတ်စိတ်အမွှာမွှာဖြစ်စေကာ သူ့ဆီတည့်တည့်သို့ ကျည်ဆန်တစ်ခု ဝင်လာသည်။

"​လှဲလိုက်!!"

ဖေးစစ်ရန်ရဲ့ အော်သံကိုကြားလိုက်ရ​ပြီး အသိစိတ်ပြန်ကပ်ချိန်တွင် ဖေးစစ်ရန်က သူ့လက်မောင်းကြားထဲတွင် တင်းကြပ်စွာဖက်တွယ်ထားပြီး ကျန်းရှန်အား သူ့ခန္ဓာကိုယ်အောင်တွင် အကာအကွယ်ပေးထားသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now