Chapter-46(အနှောင့်အယှက်)

8.3K 1.3K 17
                                    

Unicode❤️❤️

(အနှောင့်အယှက်)

"ခနနေပါအုံး! ခင်ဗျားမကြိုက်တာတစ်ခုခုများ မှားပြောလိုက်မိလု့ိလား? အခု စိတ်ဆိုးသွားတာလား?"

'မဖြစ်နိုင်ဘူး... ငါက သူ့ဇနီးလိုပုံစံမျိုး ပြောလိုက်မိလို့လား'

"သဘောပေါက်ပြီ.. ကျွန်တော်တောင်းပန်သင့်တယ်.. ခင်ဗျားကို အဲ့လိုမျိုး မတုံ့ပြန်လိုက်သင့်ဘူး.. အခု ခင်ဗျားရဲ့ပုံစံက ကျွန်တော့်ကို ကြောက်အောင်လုပ်နေတာပဲ.. ပြီးတော့ ကျွန်တော့်ပေါ် အုပ်မိုးနေတာ ရပ်လိုက်ပါလား.. ကျွန်တော် တကဟ်ကြောက်လာပြီ!"

ကျန်းရှန် သူ့ရင်ဘတ်သူ ပုတ်ကာ ထိတ်လန့်နေသည့်ပုံစံဖြင့် မသိမသာ အသက်ခိုးရှူနေရသည်။

"ကြောက်တယ်? မင်းကြောက်တယ်ဆိုရင် ငါ့ကို မတုံ့ပြန်သင့်ဘူးလေ"  ဖေးစစ်ရန် မျက်မှောင်ကြုတ်ထားရင်းပြောလိုက်သည်။

ကျန်းရှန် ဖေးစစ်ရန်ပုံစံကိုအပေါ်ယံကြည့်ရုံဖြင့် သူစိတ်ဆိုးနေတာလား ဒါမှမဟုတ် တခြားရည်ရွယ်ချက်ရိှနေတာလား မသဲကွဲ။

'ဆိုးဝါးတာပဲ.. သူ့ပုံစံက စိတ်ဆိုးနေတာနဲ့ မတူဘူး!'

" ငါ့ဇနီးလို့ခေါ်တာကို မင်းတုံ့ပြန်လိုက်ကတည်းက မင်းမှာ တာဝန်သိစိတ်လေးတော့ ရိှရမှာပေါ့ မှန်တယ်မလား"

ဖေးစစ်ရန် ပြုံးလိုက်ကာ ကျန်းရှန်ရဲ့ လက်ကောက်ဝတ်အား သူ့လက်ချောင်းတို့ဖြင့်ယူ၍ မကောင်းဆိုးဝါးတစ်ကောင်လို ပြီးတော့ ဆွဲဆောင်မှုရိှသောပုံစံဖြင့် ကြည့်လိုက်သည်။

ကျန်းရှန် ပထမတော့ ဆွံ့အသွားပြီး နောက်မှ နှုတ်ခမ်းတို့အား ဖိကိုက်ထားကာ
'ဒီလူ ငါနဲ့ sex လုပ်ချင်နေတာလား??'

"ဒီမှါ ကျွန်တော် ဆိုလိုချင်တာက.. ခင်ဗျားဇနီးရဲ့ ပုံစံတူလူတစ်ယောက်အဖြစ် မြင်ယောင်နေတာက အဆင်ပြေပေမဲ့ ခင်ဗျား မလုပ်သင့်တဲ့အရာတွေတော့ ရိှသေးတယ်...ပြီးတော့ အခု ကျွန်တော်က ကိုယ်ဝန်နဲ့လေ..ခင်ဗျားရူးနေလား"

ကျန်းရှန် ကြောက်ရွံ့မှုတစ်စက်မှမရိှ။ကျန်းရှန်က sex မှာ experience မရိှပေမဲ့လည်း porns ကား မြောက်မြားစွာကို ကြည့်ထားတာကြောင့် သူ တည်တည်ငြိမ်ငြိမ်နဲ့ ပြောနိုင်ခြင်းသာဖြစ်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now