Chapter-51(အမှန်တရားအားသိရိှခြင်း)

8.9K 1.3K 9
                                    

Unicode ❤️❤️

(အမှန်တရားအားသိရိှခြင်း)

ဟေးမင်ရဲ့ စကားအား နားထောင်ရင်း ရုတ်တရက် ဖေးစစ်ရန် အန္တရာယ်အငွေ့အသက်တို့ ပါဝင်စွာ မျက်မှောင်ကြုတ်လိုက်သည်။

"ဗန်ပိုင်းယားတွေ မျိုးတုံးသွားရတဲ့အကြောင်းပြချက်က မင်းဇနီးရဲ့ သွေးမှာ အဲ့လို အာနိသင်မျိုးရိှနေတယ်ဆိုတာ သူတို့သိနေလို့ပဲ.. ဒါ့ကြောင့် လူသားမျိုးနွယ်တွေက သူ့ကို လိုက်ဖမ်းဖို့ကြိုးစားနေတာပဲ. ငါပြောတာ မှားလား"

(Note; လန်ဟွမ်က ဗန်ပိုင်းယာပါ သူ့သွေးက အာနိသင်ရိှတာကိုသိတော့ တခြားဗန်ပိုင်းယာတွေမှာလဲ ရိှမှာပဲလို့ သတ်မှတ်ပြီး လွန်ခဲ့တဲ့ ရာစုနှစ်တွေ လူသားမျိုးနွယ်တွေ သတ်ဖြတ်လိုက်ကြလို့ မျိုးတုံးသွားတာပါ အခု လန်ဟွမ် လူဝင်စားတဲ့ ကျန်းရှန်က နောက်ဆုံးကျန်ရစ်တဲ့ ဗန်ပိုင်းယားပါ)

အဲ့လိုမှ မဟုတ်ရင် လူသားမျိုးနွယ်တွေက လွန်ခဲ့တဲ့ ရာစုနှစ်တွေမှ ရုတ်တရက်ကြီး ဗန်ပိုင်းယားတွေကို အမဲလိုက်ကြမှာလဲ

ဗန်ပိုင်းယားတွေက သားစပ်ဖို့ မလိုအပ်သော မျိုးစိတ်ဖြစ်ပေမဲ့ ရိုးရှင်းစွာ သွေးစုပ်ခြင်းဖြင့် မျိုးပွါးနိုင်သည်။ ဒါ့ကြောင့် သူတို့သည် လူသားတွေရဲ့အမြင်မှာတော့ အန္တရာယ်ရိှသော မကောင်းဆိုးဝါးတွေသာဖြစ်သည်။

လွန်ခဲ့သော ရာစုနှစ်တွေက လူသားမျိုးနွယ်စုတွေ ကုန်းမြေပိုင်နက် ပင်လယ်ပိုင်နက်တို့အတွက် တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေကြသော အချိန်တွင် လန်ဟွမ်၏ ဖြစ်တည်မှုသည် သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့သည်။ ဒါ့ကြောင်းလည်း လန်ဟွမ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ဗန်ပိုင်းယားမျိုးနွယ် မျိုးတုံးခဲ့ရတာပဲ။

"မင်းဇနီးရဲ့ လူပြန်ဝင်စားမဲ့ ကိစ္စကို ဝန်ကြီးချုပ် အိမ်တော်ကလွဲပြီး ကျန်တဲ့ မျိုးနွယ်စုတွေက ငါသိထားတဲ့ အကြောင်းအရာတွေကို သတိမထားမိကြဘူး.. ဒါ ငါသိသလောက်အကုန်ပဲ.. ငါ အမှန်အတိုင်းပြောသလို မင်းဘက်ကလည်း ငါ့လို ပြန်တုံ့ပြန်ဖို့ မျှော်လင့်ပါတယ် ... ငါ မင်းဇနီးရဲ့ သွေးကို တကယ် လိုအပ်တယ်"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now