Chapter-9(ငါ့လိုအပ်ချက်အတွက်ဖြည့်ဆည်းပေးရမယ်)

13.8K 2.1K 16
                                    

Unicode 🧛‍♂️🧛‍♂️

"စွဆန်းကြီးဟ! အခုက ဘာတွေဖြစ်နေတာလဲ? မနက်ခင်းမှာ ငါပထမဆုံးမြင္ရမဲ့ဟာက ဒီလိုမြင်ကွင်းမျိုးမဟုတ်ဘူးလေ..."

ပိုင်ဟောင် လာရာ လှေကားအတိုင်း နောက်သို့ ခေတစ်လှမ်းပြန်ဆုတ်လိုက်သည်။ ခုလေးတင် အိပ်ယာနိုးလာတာကို... ကြည့်ရတာ သူ ကယောင်ကတမ်းတွေ မြင်နေပုံပဲ။

'ဒပေမဲ့ ခနနေပါအုံး.. နည်းနည်းလေးတော့ လွဲနေပြီ ထင်တယ်.. ဖေးစစ်ရန်က ကျန်းရှန်ကို သူ့ပေါင်ပေါ်မှာ ပွေ့ချီထားတာလား...ဖေးစစ်ရန်အစစ်သာဆိုရင် ဒီလိုမျိုး ဘယ်တော့မှမလုပ်ဘူး.. လူစားလဲသွားသလိုပဲ..ဒါဘာတွေဖြစ်နေတာလဲ ဒါမှမဟုတ် ကောင်းကျိုးမပေးတဲ့ အနှောက်အယှက်လေး ဖန်းရှောင်ကို တမင်ရည်ရွယ်ပြီး လုပ်ပြနေတာလား..'

'အခြေအနေကို သေချာခန့်မှန်းလို့မရသေးဘူး  ထားပါ.. ငါ့ကိစ္စမှမဟုတ်တာ.. ဘာလို့ ဝင်ပါရမှာလဲ..'

ပိုင်ဟောင် သူ့ဆံပင်တို့ကို ဆွဲဖွကာ သန်းဝေရင်း မနက်စာအတွက် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

"ခင်ဗျားက တကယ့်စောက်ရူးလား..! ကျွန်တော့်ကို ခုချက်ချင်းလွှတ်ပေး"

ကျန်းရှန် သတိပေးသည့်သဘောဖြင့် ဖေးစစ်ရန်အား လေသံနှိမ့်ပြီးပြောလိုက်သည်။ သူ ယောက်ျားလေးတွေအပေါ် စိတ်ဝင်စားမှုရိှတယ်ဆိုပေမဲ့လည်း ယောက်ျားတစ်ယောက်ရဲ့ ဒီလို ပွေ့ချီ မှုမျိုးကိုတော့ လက်မခံနိုင် အထူးသဖြင့် သူနဲ့ မရင်းနှီးတဲ့ လူတစ်ယောက်ရဲ့ပွေ့ချီမှုမျိုးဆို ပိုတောင် လက်သင့်မခံနိုင်။

"မင်း သွားလို့ရပြီ ငါပြီးမှ ကုမ္ပဏီကို လိုက်လာခဲ့မယ် ဟိုရောက်မှ စကားဆက်ကြတာပေါ့"
ကျန်းရှန်ရဲ့စကားကို ပြန်မဖြေလို သူ့ကိုယ်ကိုလည်း လွှတ်ပေးခြင်းမရိှပဲ... အတွင်းရေးမှူး မိန်းကလေးကိုသာ ထွက်သွားခိုင်းလိုက်သည်။

"ဟုတ်ကဲ့ Mr.ဖေး.. "

အတွင်းရေးမှူးမိန်းကလေးလည်း ခေါင်းညိတ်ကာ အခန်းထဲမှ ထွက်သွားခါနီးလေးတွင် ကျန်းရှန်အား စက္ကန့်ပိုင်းမျှ လှည့်ကြည့်လိုက်ကာ..

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now