Chapter-77

6.4K 981 9
                                    

Unicode ❤️❤️

"လှည့်စားခံရတယ်? မင်း ဘာ​ပြောနေတာလဲ"
ဖေးဟောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ကျန်းဟော့ရဲ့လက်အား မကျေနပ်စွာ ရိုက်ထုတ်လိုက်သည်

'ဒီ ကောင်စုတ်လေးက ငါ့ဆီက ဘာလိုချင်နေတာလဲ? ငါ တခြားယောက်ျားတစ်ယောက်တဲ့တွေ့တယ်ဆိုရင်တောင် သူနဲ့မှမဆိုင်တာ?'

"တခြားယောက်ျားတစ်ယောက်နဲ့တွေ့တယ်ဆိုရင်တောင် ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ တွေးနေတာမဟုတ်လား" ကျန်းဟော့က ပြုံး၍ မေးလိုက်သည္။

'ကျစ်~ ငါ့စိတ်ကိုပါ ဖတ်နိုင်နေတာလားဟ?'
ဖေးဟောက် အနဲငယ် ထိတ်လန့်သွားသည်။

"ဘာလဲ? ကိုယ်မင်းအပေါ် ကောင်းကောင်းဆက်ဆံပေးနေတာက မလုံလောက်လို့လား? ဒါမှမဟုတ် အဲ့လူက ကိုယ့်ထက် ပိုချမ်းသာနေလို့များလား? ဒါ့ကြောင့် မင်း ကိုယ့်ကို လှည့်စားချင်နေတာလား?"

"မင်း ဘာတွေပြောနေတာလဲ? အဲ့လူက ငါ့ တူ! ဖေးစစ်ရန်! မင်း ရူးများသွားပြီလား? ဒါနဲ့.. မင်းနဲ့ငါက
တစ်ယောက်ရဲ့လိုအပ်ချက်အတွက် တစ်ယောက်ဖြည့်စည်းပေးနေကြတဲ့လူသက်သက်ပဲ..အဲ့တော့ ငါ့ကို စောက်လုပ်လာမရှုပ်နဲ့!!"

ဖေးဟောင် စိတ်မရှည်တော့တာကြောင့် ကျန်းဟော့အား တွန်းထုတ်လိုက်ပေမဲ့ ကျန်းဟော့ကတော့ တစ်ချက်မှ ရွေ့မသွားပဲ ပြုံးလျက်ဖြင့်သာ ဆက်မေးလိုက်သည်

"တစ်ယောက်လိုအပ်ချက်အတွက် တစ်ယောက်ဖြည့်စည်းပေးတယ်? တကယ်လား? ကိုယ်တို့ကြားမှ ဘာမှမရိှဘူးဆိုတာ သေချာရဲ့လား? ဟမ်?"

နောက်ဆုံးစကားလုံးသည်  ဖေးဟောင်ရဲ့ အာရုံကို အဆိပ်သင့်အောင် သွေးဆောင် ဖြားယောင်းနေသည်။

ဖေးဟောင် မငြင်းဆန်နိုင်တဲ့ အရာတစ်ခုကတော့ ကျန်းဟော့ရဲ့ အသံပင်။ အကြောင်းကတော့ သူသည် တစ်စုံတစ်ယောက်၏ အသံကြောင့် ကျရှုံးခဲ့သူ ဖြစ်သောကြောင့်ပင်။

လွန်ခဲ့သော ၅နှစ်က အလုပ်လုပ်ရန်အတွက် ဖေးဟောင် B.O.M သို့ ရောက်ရိှခဲ့ပြီး ကျန်းဟော့ရဲ့ နက်ရှိုင်း၍ နူးညံ့သော အသံ၏ ဆွဲဆောင်ခြင်းအား ခံခဲ့ရသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now