Chapter-52(ခင်ဗျားဖက်တာက နာတယ်!)

8.7K 1.3K 8
                                    

Unicode ❤️❤️

(ခင်ဗျားဖက်တာက နာတယ်!)

"ကျန်းရှောင်က လန်ဟွမ် ဆိုတာ မင်းသေချာလား" ဖေးစစ်ရန် မဝံ့မရဲစွာ ထပ်မေးလိုက်သည်။

"80% သေချာတယ်"

'80% ဒါ ယုံကြည်လို့ရနိုင်တဲ့အနေအထားပဲ... ပြီးတော့ ဟေးမင် က အလွယ်လေး လိမ်ပြောတတ်တဲ့ လူမျိူးမဟုတ်ဘူး.. သူ ငါ့ကို အမှန်အတိုင်းပြောနေတာကြောင့် ငါ့ကို လိမ်စရာအကြောင်းတော့မရိှဘူး.. ပြီးတော့ သူ ငါ့ဆီက လန်ဟွမ်ရဲ့ သွေးကို လိုချင်တယ်လို့ပြောတယ် ဒါပေမဲ့ သူ ဘာကြောင့်လိုချင်တာလဲ? ဘာအတွက်လဲ? သူ ဆေးနှောအကြောင်းပြောလိုက်သလိုပဲ.. ဒါပေမဲ့ ဘယ်သူ့အတွက်လဲ'

ဖေးစစ်ရန် စက္ကန့်ပိုင်းကြာအောင်စဉ်းစားပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ပိုင်ဟောင်ရဲ့ ဝမ်းဗိုက်အား ကြည့်လိုက်သည်။

'ကလေးက အသက်ရှင်နေတုံးလား? သူ ဒီလိုလုပ်နေရတဲ့အကြောင်းအရင်းက ပိုင်ဟောင်ကြောင့်လား ဒါမှမဟုတ် ကလေးကြောင့်လား?'

ပိုင်ဟောင္ရဲ့ ဝမ်းဗိုက်ကို ဖေးစစ်ရန် ကြည့်နေတာတွေ့တာကြောင့် ဟေးမင် သွယ်ဝိုက်သောအားဖြင့် ခေါင်းကိုခါလိုက်သည်။

ဒါက ဖေးစစ်ရန်အား သူ့ရဲ့ခန့်မှန်းချက် မှန်ကန်ကြောင်း ဟေးမင် အသိပေးလိုက်ခြင်းပင်။

"ငါ မနက်ဖြန် ရှုဝမ်ရှန်ဆီကို အလည်အပတ်သွားရမယ်... အဲ့ကနေ ပြန်လာရင် ငါ့ရဲ့သဘောထား မင်းကိုပြန်ပြောမယ်.. အခု ညည့်နက်နေပြီ စောစောအနားယူကြတော့"

ထိုသို့ပြောပြီးနောက် ဖေးစစ်ရန် ထွက်သွားတော့သည်။

"Okay"

ဟေးမင် သူ့ကိုယ်သူ ဘဟ်လိုမှ မတင်းထားနိုင်တော့ပေ။

ဖေးစစ်ရန် ထွက်သွားသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။

ပိုင်ဟောင်က ဟေးမင်က တစ်ချက် စိုက်ကြည့်ကာ ကုတင်ဆီသို့ လာပြီး ဘာစကားမှမပြောပဲ လဲလျောင်းလိုက်သည္။

ဟေးမင် ပိုင်ဟောင် ဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။ ပိုင်ဟောင် အခု သူ့ကို စိတ်ဆိုးနေမှန်း သူသိနေသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now