Chapter-43(ခွေးပေါက်လေးရဲ့မျက်လုံးများ)

9K 1.4K 39
                                    

Unicode~~

(ခွေးပေါက်လေးရဲ့မျက်လုံးများ)

ဖေးစစ်ရန်၏ အခန်းတွင် ကုတင်ပေါ်၌ ခေါင်းအုံးနှင့်မျက်နှာအပ်ကာလဲလျောင်းနေပြီး ကျန်းရှန် တီဗီကြည့်နေသည်။ တီဗီမှ ဟာသအတိုအထွာများက သူ့အား အသေသတ်နေသည်။ကုတင်ပေါ်အား ထုရိုက်ကာ ကျယ်လောင်စွာရယ်မောနေပြီး တစ်ခါတလေ ​ခြေထောက်ဖြင့်ပါ ကန်ထုတ်သည်။သူက ဟာသအငွေ့အသက်တို့အား အစွန်းဆုံးထိ ခံစားနေသည်။

"ဘုရားသခင်! ထိုးကွက်တွေက ကလေးဆန်လိုက်တာ.."

တံခါးနားတွင် ရပ်နေသော ဖေးစစ်ရန်အား ကျန်းရှန် သတိမထားမိနိုင်တော့။ အာလူးကြော်ထုတ်အား လက်ထဲတွင်ပိုက်ကာ တီဗီွဆက်ကြည့်နေသည်။

ဖေးစစ်ရန် မျက်မှောင်ကြုတ်ကာ အခန်းထဲသို့ ဝင်သည်။ ကျန်းရှန်ပုံစံသည် အလုပ်လက်မဲ့တစ်ယောက်နဲ့တူကာ ခေါင္းအား ပွတ်သပ်လိုက် ပြီးရင် တူညီသော လက်ဖြင့် အာလူးကြော်အား ပြန်နှိုက်စားလေသည်။

ဆက်မမြင်ချင်တော့တဲ့အဆုံး ဖေးစစ်ရန် ကုတင်နားသို့ ခြေလှမ်းှမ်းလိုက်လာသည်။ ကျန်းရှန်ရဲ့ လက်မောင်ကို ဆွဲရန်ပြင်တုံးမှာတင် ကျန်းရှန်က သူ့လက်မောင်းသူ ပေးကာ ဂရုမစိုက်သောပုံစံဖြင့်
"ဒီညတော့ ဆေးကို ဒီဘက်လက်မောင်းကိုပဲ သွင်း"

သူပြောချင်ရာပြောပြီးနောက် တီဗွီကိုသညကြည့်ကာ ရယ်မောနေသည်။ ကျန်းရှန်က သူ့အားဆေးသွင်းရန် လာတဲ့ ပိုင်ဟောင်လို့ ထင်နေကာ ဖေးစစ်ရန်ဖြစ်နေမှန်းကို လုံးဝမရိပ်မိချေ။

"ဒီညကတော့ အလဟသ အချိန်တွေပုပ်တယ်.. ဆေးအမြန်သွင်းပြီး ထွက်သွားတော့!!"

ဆေးထိုးအပ်သွင်းတဲ့ခံစားချက်ကိုမရသေးတာကြောင့် ကျန်းရှန်စိတ်အလိုမကျစွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။

သို့ပေမဲ့ သူအနောက်သို့ လှည့်မိချိန်တွင် မျက်နှာညှိုးကျသွားသည်။ ကြောက်ကြောက်လန့်လန့်ဖြင့် အာလူးကြော်ထုပ်အား ခေါင်းအုံးအနောက်သို့ ဝှက်လိုက်ပြီး လက်နှစ်ဖက်စလုံးအား ခါရမ်းကာ မတ်တပ်ရပ်လိုက်သည်။ ရယ်သံလွင့်လွင့်ဖြင့် ပြောလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now