Chapter-76(ခင်ဗျား ဘာလို့ အဲ့လောက်ရိုင်းရတာလဲ)

7.1K 1K 25
                                    

Unicode ❤️❤️

ခင်ဗျား ဘာလို့ အဲ့လေက်ရိုင်းရတာလဲ?

"ကျွန်တော်တို့ ပြန်လို့ရမလား?"

သူတို့ အပြင်ရောက်နေသည်မှာအတော်ကြာနေပြီဖြစ်ပြီး အပြင်ဘက်မှ ရာသီဉတု ပူနေတာကြောင့် ကျန်းရှန် ခံနိုင်စွမ်းကုန်ဆုံးလာသည်။

"ဒါဆို သွားရအောင်လေ"

ဖေးစစ်ရန်က ကျန်းရှန် လက်ကို တွဲကာ ဖေးဟောင်ကို နှုတ်ဆက်စကားဆိုခြင်းမရိှပဲ ထွက်သွားရန် ပြင်လိုက်သည်။

"ကိုယ့်ဉီးလေးကိုတောင် မေ့သွားပြီလား.? မင်းဇနီးတစ်ယောက်တည်းကို မင်းမြင်နေတာပဲ ဟုတ်တယ်မလား? အနည်းဆုံးတော့ ငါ့ကို နှုတ်ဆက်သွားသင့်တယ် ရိုင်းရာကျတယ်နော် ဖေးစစ်ရန်"

ဖေးဟောက်က သူတို့နောက်မှနေ၍ ပြောနေသော်လည်း ဖေးစစ်ရန်ကတော့ လျစ်လျူရှုထားမြဲပင်။

ကျန်းရှန်ကတော့ ရိုင်းရာကျသည်ဟု ခံစားမိတာကြောင့် နေရာမှာတင်ရပ်တန့်လိုက်ကာ အနောက်သို့ လှည့်၍ ဖေးဟောင်အား ခေါင်းငုံ့ကာ
"ကျွန်တော်တို့ အရင်ပြန်နှင့်လိုက်ပါအုံးမယ် ဉီးလေးဟောင်.. အချိန်ရရင် ကျွန်တော်တို့ဆီ လာလည်ပါအုံး ကျွန်တော်ကတော့ အပြင်ထွက်မလာနိုင်လို့ တောင်းပန်ပါတယ် အပြင်ကကျွန်တော့်အတွက် အရမ်းပူလွန်းလို့လေ"
သူ့အသံက အနဲငယ်တော ကို့ရို့ကားယားဖြစ်နေသည်။

ဖေးစစ်ရန်ကတော့ ​ဆွံ့အသွားရသည်။
'ဒီကောင်လေးက စိတ်အနှောက်အယှက်အရမ်းပေးတဲ့ ကလေးဆိုပေမဲ့ ဒီလေါက် ယဉ်ကျေးလိမ့်မယ်လို့ မထင်ခဲ့မိဘူး'

'ဒီကောင်လေးမှာ အကျင့်ကောင်းတွေရိှတာပဲ.. သေချင်းဆိုးကျန်းဟော့နဲ့ နဲနဲမှ ဆက်နွယ်မှုမရိှဘူး'

"ဖေးစစ်ရန် တစ်ခုခုပြောအုံးလေ..ဒီတိုင္း ထွက်သွားတာက ရိုင်းလွန်းတယ်"

ဖေးစစ်ရန် နှုတ်ဆက်စကားဆိုရန် တွန့်ဆုတ်နေသည်။ သူတို့ချင်း စကာမပြောဖြစ်တော့တာ နှစ်ပေါင်း၁၀၀လောက်ရိှနေပြီ။

သို့သော္လည်း သူ့အား နှုတ်ဆက်ရန်ပြောနေသော ကျန်းရှန်ကို မလွန်ဆန်နိုင်တာကြောင့်
"နှုတ်ဆက်ပါတယ်... အားတဲ့ အချိန် ကျွန်တော်တို့ဆီ အလည်လာပါ" ထို့နောက် ကျန်းရှန်လက်အား တစ်ဖန် ပြန်ဆွဲကိုင်ကာ နောက်သို့ လှည့်မကြည့်တော့ပဲ ထွက်သွားလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now