Chapter-41(ဟေးမင်အားအခန်းထဲတွက်ဝှက်ထားခြင်း)

8.5K 1.2K 2
                                    

Unicode~~

(ဟေးမင်အား အခန်းထဲတွက်ဝှက်ထားခြင်း)

ညအချိန်သည် တိတ်ဆိတ်နေပြီး အစောင့်တွေရဲ့ ကင်းလှည့်နေသောအသံကိုသာ ကြားရသည်။

"မင်းတို့နှစ်ယောက်က အစွန်းဘက်ကိုတွေကိုသွားစစ်ဆေး"

"နားလည်ပါပြီ"

"မင်းတို့တွေအကုန်လုံးက ခေါင်မိုးဘက်ကို နောက်တစ်ခါ ထပ်ပြီးစစ်ဆေးကြ"

"ဟုတ်ကဲ့ပါ"

သူတို့အသံသည် မကျယ်လွန်းသော်လည်း အပေါ်ထပ်က ဟေးမင်နဲ့ ပိုင်ဟောင်တို့ ကြားရသည်။

ပိုင်ဟောင်သည် ဟေးမင်၏ လက်မောင်းပေါ်တွင် လဲလျောင်းနေကာ စကားတစ်ခွန်းမှပြောဆိုခြင်းမရိှပဲ ရှိုက်သံသာကြားနေရသည်။ငိုထားသောကြောင့် သူ့မျက်လုံးများက နီရဲတွတ်နေသည်။

ဟေးမင်သည်လည်း ဘာစကားမှမဆိုပဲ.. ပိုင်ဟောင့် ပုခုံးသားအား ငြင်သာစွာနမ်းရှိုက်လိုက်သည်။

အရာအားလုံးက တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေကာ.. ဒါ အရင်သူတို့နှစ်ယောက်အတူ ရိှစဉ်က တစ်ခါမှ မရိှခဲ့ဖူးသော အေးချမ်းခြင်းတစ်ခုပင်။

ပိုင်ဟောင် မျက်ရည်တို့အား ဆွဲသုတ်လိုက်ပြီး သူ့ခံစားချက်တို့အား ငြိမ်သက်အောင် ပြန်ပြုပြင်လိုက်သည်။

ဟေးမင်နှင့်ပက်သက်သောအဆိပ်ကဲ့သို့ ပူလောင်သည့် ဆက်ဆံရေးတစ်ခုကို နောက်တစ်ကြိမ် မတည်ဆောင်မိအောင် သူ့ကိုယ်သူ ကျိန်ဆိုခဲ့ပေမဲ့.. သူ ဟေးမင်အပေါ် ကျဆုံးမိနေဆဲပင်။

ပိုင်ဟောင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ဟေးမင်နှင့် ပက်သက်သမျှ အရာအားလုံးကို ရပ်တန်္ချင်နေပြီ။

သို့ပေမဲ့ သူ့နှလုံးသားအား သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရိှသေးပေ။ တစ်ဆင့်ပြီးတစ်ဆင့် ဟေးမင် သူ့စိတ်အားသိမ်းပိုက်ခဲ့သည် ထိုနောက် ခန္ဓာကိုယ် နောက်ဆုံး သူ့ရဲ့ နှလုံးသား... အရာအားလုံးက ဟေးမင်ရဲ့ သိမ်းပိုက်ခြင်းခံလိုက်ရသည်။

"အဆင်ပြေရဲ့လား"  ဟေးမင် ငြင်သာစွာ မေးလိုက်သည်။

ဟေးမင်ရဲ့ အသံကြားတော့ ပိုင်ဟောင် မျက်ရည်ကျမိသည်။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားပါစေ သူ ငိုကြွေးမိသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now