Chapter-49(ဖေးစစ်ရန် ရိပ်မိသွားခြင်း)

9K 1.3K 26
                                    

Unicode💗💗

"အခု သွားအိပ်တော့"

ဖေးစစ်ရန် ကျန်းရှန်ရဲ့ တင်ပါးအား ရိုက်လိုက်ကာ နေရာမှထရန် အချက်ပေးလိုက်သည္။

"​ကောင်းပြီ.. ထပါ့မယ္.. ဘာလို့ ကျွန်တော့်တင်ပါးကို လာရိုက်ရတာလဲ"

ကျန်းရှန် ပျင်းတိပျင်းတွဲဖြင့် ထလိုက်သည်။သူ့ခြေထောက်တွေက ဖေးစစ်ရန်ပေါင်ပေါ်တွင် တင်ထားတာ ကြာသွားတာကြောင့် ခြေထောက်တွေ ထုံကျင်နေပြီး ခံစားလို့မရတော့ပေ။ ဒါကြောင့် သူမတ်တပ်ရပ်လိုက်သည့်အချိန်တွင် ယိုင်တိယိုင်တိုင်ဖြင့် လဲကျမလိုဖြစ်သွားသည်။ သူ့ကိုယ္သူ မထိန်းနိုင်တော့သည့်အချိန်တွင် ဖေးစစ်ရန်က သူ့ခါးကို ဖက်လိုက်ကာ အချိန်ကိုက် ထိန်းပေးနိုင်လိုက္သည္။

"မင်း ကလေးလား? ဘယ်လို မတ်တပ်ရပ်ရမလဲဆိုတာတောင်မသိဘူးလား"

"ခြေထောက်က ရုတ်တရက် လှုပ်လို့မရလို့လေ!"

ကျန်းရှန်က ဖေးစစ်ရန်ရဲ့ ဂရုမစိုက်မှုကြောင့် သူ လဲကျမလိုဖြစ်ရ ကြောင္း ငြင်းခုံနေသည်။

"အခန်းထဲ အရင်ပြန်နှင့် ငါ အတည်ပြုစရာတစ်ခုရိှလို့"

ကျန်းရှန် ကို မတ်တပ်ရပ်နိုင်အောင် ကူညီပေးရင်း အေးစက်သောလေသံဖြင့် ပြောလိုက်သော်လည်း ဖေးစစ်ရန် စိတ်ဆိုးနေခြင်းတော့မဟုတ်ပေ။

"ကောင်းပြီလေ"

ဖေးစစ်ရန် အခန်းကို ပြန်လာအိပ်သည်ဖြစ်စေ မအိပ်သည်ဖြစ်စေ သူ့အတွက် ကိစ္စမရိှသည့် ပုံစံဖြင့် ကျန်းရှန် ဂရုမစိုက္စွာ ပြောလိုက်သည္။

ထို့ကြောင့် အပေါ်ထပ်လှေကားအပေါ် သူ့ဘာသာသူ တက်သွားပြီး ထမင်းစားခန်းမှ သူ့အား မျက်မှောက်ကြုတ်ကာကြည့်နေသော ဖေးစစ်ရန်အားထားခဲ့လိုက္သည္။

"ဒီအသေးလေးက ကျေးဇူးတင်စကားဘယ်လိုပြောရမလဲဆိုတာ မသိဘူးလား??"

ဖေးစစ်ရန် သူ့ဘာသာသူ တီးတိုးပြောရင်း သူ့မျက်နှာထက်တွင် အပြုံးတစ်ခု မထင်မရှားစွာပေါ်လာသည်။

'သေစမ်း.. စစ်ရန်က ပြုံးနေတယ်.. လုပ်စမ်းပါ လန်ဟွမ်ရာ.. နင် မြန်မြန် ပြန်မဝင်စားရင် ငါ့အကို တစ်ခြားတစ်ယောက်နောက်ပါသွားလိမ့်မယ်'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now