Chapter-93(ကျန်းရှန်အတွက် သောင်းကျန်းခြင်း)

4.8K 678 23
                                    

Unicode ❤️❤️

ကျန်းရှန်အတွက် သောင်းကျန်းခြင်း

"ပြောစမ်း.. အခု စံအိမ်ထဲမှာ မင်းတို့ လူဘယ်နှစ်ယောက် ရိှနေကြတာလဲ? ကျန်းရှန်ကရော ဘယ်မှာလဲ??"
ပိုင်ဟောင်သည် ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်၏ လည်ပင်းအား တင်းကြပ်စွာ ညစ်ရင်း မေးမြန်းသည်။

ထိုလူက ​ကြောက်အားလန့်အားဖြင့် အသက်ကို လုရှူရင်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ခြောက်ယောက်.. ခြောက်ယောက်ရိှပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့ ကျန်းရှန်ကို ပြန်ပေးမဆွဲနိုင်ခဲ့ပါဘူး ပြီးတော့ နောက်ပြန်ဆုတ်ဖို့ အမိန့်ကိုလည်း ကျွန်တော်တို့ မရခဲ့ပါဘူး"

'ခြောက်ယောက်'

စံအိမ်ထဲ ပတ်ရှာကြစမ်း!  ကျန်တဲ့လေးယောက် တစ်နေရာရာမှာ ပုန်းနေလောက်တယ်... သူတို့လက်ထဲမှာသာ ကျန်းရှန်ရိှတယ်ဆိုရင် သူတို့အတွက် လွတ်လမ်းမရိှတော့ဘူး!"

"နားလည်ပါပြီ"

နောက်လိုက်တပည့်တို့သည် ပိုင်ဟောင်၏ အမိန့်အတိုင်း နောက်တကြိမ် စံအိမ်ကို ပတ်ရှာရန် ထွက်သွားလိုက်သည်။

ဖေးစစ်ရန်ကတော့ စကားတစ်ခွန်းမှ မဆိုပဲ အေးစက်သောမျက်နှာထားဖြင့် ခန်းမထဲမှ ထွက်သွားတော့သည်။

" မင်း ဘယ်သွားမလို့လဲ?"   ပိုင်ဟောင်သည် ဖေးစစ်ရန်နောက်ကို ချက်ချင်းလိုက်ရင်း မေးလိုက်သည်။

ဖေးစစ်ရန်ကတော့ မျက်နှာသေဖြင့်သာနေ၍ ပိုင်ဟောင့်အား တုံ့ပြန်ခြင်းမရိှပေ။ ဂိတ်တံခါးဆီသို့ လမ်းလျှောက်သွားပြီးချိန်တွင် ရုတ်တရက် တောင်ပံတို့အား ဖြန့်ကျက်ကာ ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံထွက်သွားသည်။ ပိုင်ဟောင်၏ မြင်ကွင်းရှေ့မှာတင် စက္ကန့်ပိုင်းအတွင်း ပျံထွက်သွားတော့သည်

"sh*t!!  ရှန်ဇီဟောင်ရဲ့ စခန်းတွေဆီ ဉီးတည်သွားတာများလား?" 

ပိုင်ဟောင် မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်လာပြီး သူသည်လည်း တောင်ပံတို့အား ဖြန့်ထုတ်ကာ ဖေးစစ်ရန်နောက်သို့ လိုက်သွားသည်။

မှော်ဝင်ငါးလေးသည်လည်း သူတို့နောက်မှ ကပ်လိုက်သွားရင်း သူသည်လည်း တောင်ပံတို့အား ဖြန့်ထုတ်ရန် လှုပ်ရှားလိုက်သည္။ သို့သော်လည်း သူ ကြောင်အအဖြစ်သွားရရှာသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Tahanan ng mga kuwento. Tumuklas ngayon