Chapter-38(နာကျင်သောငြင်းခုံမှု)

8.9K 1.3K 7
                                    

Unicode ~~

(နာကျင်သောငြင်းခုံမှု)

"ငါမင်းကို တောင်းပန်နေတာပါ.. ငါ့ကို မနှိပ်စက်ပါနဲ့တော့လား.. မင်းဘာလို့ ငါ့ကို ငါ့ဘဝနဲ့ငါ နေခွင့်မပေးတာလဲ"

အိပ်ယာပေါ်လဲလျောင်းလိုက်ကာ ပိုင်ဟောင် သူ့မျက်လုံးတို့အား လက်မောင်းဖြင့် ကာထားလိုက်ပြီး သူ့မျက်ရည်များ ကျဆင်းစပြုလာပြန်သည်။

'မင်းဘဝနဲ့မင်း နေခွင့်ပေးရမယ်?? ငါကရော.. ငါ့ကိုရော ဘယ်သူက ငါ့ဘဝနဲ့ငါ နေခွင့်ပေးမှာလဲ'

ဟေးမင် သူ့ကိုယ်သူ နာကျင်စွာဖြင့် ကျန်ဆဲလိုက်သည်။

အသက်ပြင်းပြင်းရှူကာ ပြတင်းပေါက်ဘက်သို့ ဆေးလိပ်ငွေ့တို့အား မှုတ်ထုတ်လိုက်သည်။ သူမှုတ်ထုတ်လိုက်သော အငွေ့စက်ဝိုင်းတို့တွင်သာ ကြည့်နေမိသည်။

"အချိန်ခနပေး.. ပြီးမှ ကိုယ်မင်းကို ပြန်ဖြေပေးမယ်"

ဟေးမင် ငြင်သာ၍ တိုးတိတ်သော အသံဖြင့် ဖြေလိုက်သည်။ သူ့အသံသည် ငှက်မွေးလိုမျိုး ပေါ့ပါးနေသော်လည်း သူ့ရင်ထဲမှ နာကျင်မှုကတော့ အရာအားလုံးထက် လေးလံနေသည်။

ပိုင်ဟောင် ဟေးမင်စကားကိုကြားသော်လည်း ဘာမှတုံ့ပြန်ခြင်းမရိှ။ ခနအကြာမှ ငိုနေတာရပ်လိုက်ကာ

"ဒါဆို မင်းဘာလို့ ဒီမှါရိှနေသေးတာလဲ.. ထွက်သွား!!"

ပိုင်ဟောင် လက်မောင်းတစ်ဖက်ဖြင့္ မျက်ရည်စတို့အားသုံးရင်း အော်လိုက်သည်။

"ကိုယ်သွားမှာပါ.. စိတ်မပူပါနဲ့"

ဟေးမင် သူ့စကားအား အဆုံးသတ်ကာ တကယ်ထွက်သွားမည့်ပုံဖြင့် မတ်တပ်ရပ်လိုက်သည်။

သို့ပေမဲ့ လမ်းတစ်ဝက်မှာတင် လမ်းလျှောက်ရာမှ ရပ်တန့်လိုက်ကာ ပိုင်ဟောင့်အား လှည့်ကြည့်ခြင်းမရိှပဲ
"မင်း ကလေး တကယ်လိုချင်တယ်ဆိုရင် လူသားကိုပဲ ရွေးပါ.. နတ်ဆိုး သွေးစုပ်ဖုတ်ကောင် သမန်းဝံပုလွေတွေက မင်းနဲ့ မကိုက်ညီဘူး"

ဟေးမင်က သူထွက်သွားမယ်လို့ပြောတာကြောင့် ပိုင်ဟောင် စိတ်သက်သာရာ ရနေတုံးမှာတင် ဟေးမင်က နေရာတွင်ရပ်တန့်၍ သူ့အား ထိုသို့ လှမ်းပြောလိမ့်မည်ဟု ပိုင်ဟောင် မထင်မှတ်ထားပေ။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now