Chapter-69(ရန်သူ)

7K 1.1K 28
                                    

Unicode ❤️❤️

ရန်သူ

"သေချာကိုင်ထား!"

ရှေ့တွင် ကားမောင်းနေသော ပိုင်ဟောင်က ရုတ်တရက် ကားအား ဘရိတ်အုပ်လိုက်သည်။ ထို့နောက် စတီယာတိုင်အား တစ်ပတ်လည် လှည့်လိုက်ကာ ကန့်လန့်ဖြတ် မောင်းထွက်သွားလိုက်သည်။

"ဟင်! ဘာလုပ်နေတာလဲ.. ဒါက ကျန်းအိမ်တော်ကို သွားတဲ့ လမ်းမှမဟုတ်တာ"

အကွေ့ကြမ်းသွားတာကြောင့် ကျန်းရှန် ဖေးစစ်ရန် လက်မောင်းထဲသို့ နောက်ပြန် လန်ကျသွားသည်။

"ငါလည်း လုပ်ချင်လို့လုပ်တယ်ထင်နေလား.? ကွေ့မှ ဖြစ်မှာ!"

ပိုင်ဟောင်က သူတို့နောက်မှ ကားတစ်စီးသည် အခုအချိန်ထိ အနောက်မှ ကပ်ပါလာဆဲဖြစ်သည်ကို သတိမထားမိတဲ့  ကျန်းရှန်အား ဒေါသထွက်စွာ ပြောလိုက်သည္။

"လူတချို့က ကျွန်တော်တို့နောက်ကိုလိုက်နေတယ်? ဘာအတွက်လဲ"

ဒီကမ္ဘာက ရှုပ်ထွေးမှုတို့အား ကျန်းရှန် မသိတော့တာကြောင့်သူ စိတ်ရှုပ်ထွေးလာရသည်။

ဖေးစစ်ရန်ကတော့ အေးစက်စက်မျာက်နှာထားမျိုး ဖြစ်နေပြီး သူ့ပေါင်ပေါ်တွင်ရိှနေသော ကျန်းရှန်အား ဖက်ထားကာ သေချာထိုင်နေရန်ပြောပြီး ပိုင်ဟောင်အား မေးလိူက်သည်။

"ဘယ်နှစ်ယောက်လဲ?"

"အခုတော့ ကားတစ်စီးပဲ တွေ့သေးတယ်.. ဒါပေမဲ့သူတို့ရဲ့ လှုပ်ရှားမှုကို အကဲခတ်ရရင် လူ ဒီ့ထက်ပိုများလောက်တယ်"

ပိုင်ဟောင် အဆောတလျင် ဖြေလိုက်ပြီးနောက် လူသွားလမ်းတစ်ခုတည့်တည့်သို့ မောင်းသွားကာ အနီးအနားရိှ လမ်းကြိုလမ်းကြားတစ်ခုမှ မောင်းနှင်ရန် စီစဉ်လိုက်သည်။ ရန်သူတွေကို လမ်းလွှဲနိုင်ရန်အတွက် အခြား လမ်းတစ်ဖက်မှ သူ မောင်းနှင်ရန်သာဖြစ်သည်။

လမ်းကြားထဲသို့ မဝင်ရသေးခင်မှာတင် ထိုလမ်းထဲမှ ကားတစ်စီး ထွက်လာပြီး သူတို့ဆီကိုသာ ဉီးတည် မောင်းနှင်လာတာကြောင့် သူတို့ရဲ့ လမ်းပိတ်ဆို့သွားတော့သည္

ပိုင်ဟောင် အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်ပြီးနောက် ကားအား ရုတ်တရက် အနောက်သို့ဘက်ဆုတ်ကာ အရှေ့က ကားနှင့် မတိုက်မိစေရန် ဘယ်ဘက်သို့ ကွေးလိုက်ပြီး လမ်းမပေါ်သို့ ပြန်တက်သွားလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now