Chapter-37(ဝမ်းဗိုက်အားဆုတ်ဖြဲ၍ကလေးအားယူခြင်း)

9.4K 1.3K 7
                                    

Unicode~~

(ဝမ်းဗိုက်အားဆုတ်ဖြဲ၍ကလေးအားယူခြင်း)

"ငါ့ကို လွှတ်ပေးစမ်း!"  ပိုင်ဟောင် အော်ဟစ်ရင်း ရုန်းကန်နေသည်။ ဒေါသတို့ဖြင့် လောင်ကျွမ်းနေပြီး သူ့အသံတွင် ရှက်ရွံစွာပြောခြင်း တစ်စက်လေးမှမပါ။

"ရှူး! အသံမကျယ်နဲ့လေ... မင်းရဲ့ တပည့်တွေ ဒီကိုရောက်လာမှ ကိုယ်မလိုလားဘူး.. မင်းတော့မသိပေမဲ့.. ဒီမှါဘာဖြစ်ခဲ့လဲဆိုတာ သူတို့ကို မြင်စေချင်တယ်ဆိုရင်တော့ ကိုယ့်ဘက်က ပြဿနာမရိှပါဘူး"

ဟေးမင် ပိုင်ဟောင်ရဲ့ လည်ပင်းအား နမ်းရှိုက်ရင်းပြောလိုက်ပြီးနောက် ငြင်သာ စွာ ကိုက်လိုက္သည္။ အပေါ်ယံ အသာလေးကိုက်ခဲရုံသာ ဖြစ်တာကြောင့် ပိုင်ဟောင့်အား မနာကျင်စေပေ။

ပိုင်ဟောင်ကတော့ တစ်ကိုယ်လုံးတုန်ယင်နေသည်။နာကျင်မှုကြောင့်တော့မဟုတ် သူ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့်ပင်။ဟေးမင် ထိတွေ့လိုက်တဲ့အချိန်တိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးရိှ သွေးဆဲလ်များ လောင်ကျွမ်းနေသလိုပင်။ ဒီအတိုင်းသာဆို သိပ်မကြာခင်မှာတင် ဟေးမင်အပေါ် သူ့စိတ်တော့ လွတ်ဟာသွားရလိမ့်မည်။

"ငါ...ငါ့ကို..လွှတ်...!"

ပိုင်ဟောင် အသံသည် တုန်ယင်နေပြီး အသက်ရှူသံတို့ကလည်း မြန်ဆန်နေသည်။

'သေစမ်း!! ဆေး..  ငါ ဆေးသွင်းမှဖြစ်မယ်.. ဒီလူထိလိုက်တဲ့အချိန်တိုင်း ငါ့ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေတာပဲ'

ပိုင်ဟောင် ဟေးမင်ကို တွန်းထုတ်လိုက်ပြီး အံဆွဲအား ဆွဲဖွင့်ရန် ကြိုးစားလိုက်သည္။ သူ့ရဲ့လှုပ်ရှာမှုကိုမြင်တော့ ပိုင်ဟောင် ဘာလုပ်ဖို့ကြံနေတာလဲ သိနေတာကြောင့် ဟေးမင် သူ့အား အမြန်ပြန်ဆွဲလိုက်သည်။

"ကိုယ်မင်းကိုပြောနေတယ်လေ.. အဲ့ဆေးက မင်းအတွက် မကောင်းဘူး"

"မင်းနဲ့ ဘာမှမဆိုင်ဘူး.. ငါလိုရင် လိုသလို သုံးမယ်"

ပိုင်ဟောင် ဟေးမင်အား လျစ်လျူရှုကာ အံဆွဲဆီသို့ အမြန် သွားသည်။သို့ပေမဲ့လည်း နောက်တစ်ကြိမ် ဟေးမင်က သူ့အား ကုတင်ပေါ်သို့ ဆွဲလိုက်သည်။  ပိုင်ဟောင် လက္မောင်းတစ္ဖက် နာကျင်စေသည်အထိ ဟေးမင်သည် အင်အားကြီးလွန်းသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now