Chapter-75(လူသားရဲတွေအကုန်လုံးက လူသားပြုလုပ်ချက်တွေချည်းပဲ)

6.4K 1K 7
                                    

Unicode ❤️❤️

လူသားရဲတွေအကုန်လုံးက လူသားပြုလုပ်ချက်တွေချည်းပဲ

'ဒီလူက ဘာဖြစ်နေတာလဲ.. ငါနဲ့သူက ရန်သူတွေဖြစ်နေတဲ့အတိုင်းကြည့်နေတာပဲ..ဒါမဲ့ ငါတော့သူ့ကို သိတောင်မသိဘူး.. ဒါမှမဟုတ် ငါးတွေကိုစားခဲ့တဲ့သူက ငါဆိုတာ သိသွားလို့ ငါ့ကို မုန်းနေတာလား..? လုပ်စမ်းပါကွ... အဲ့လောက်တောင် သူက ထိလွယ်ရှလွယ်တာလား.. အဲ့ဒါတွေက ငါးသက်သက်ပဲလေ'

ကျန်းရှန်ကတော့ သူစားခဲ့တဲ့ ငါးတွေက သာမန် ငါးတွေလို့သာ ထင်မြင်နေဆဲပင်။

သို့သော်လည်း နားလည်ရခက်လွန်းသည်။ ငါးတွေက ယွမ် သန်းချီတန်ကြောင်း ဘယ်သူက ယုံကြည်နိုင်မှာလဲ

ဒါ့ကြောင့် ကျန်းရှန်လို သာမန်လူအတွက်ကတော့ ထိုကိစ္စက လက်ခံနိုင်ရန်အတွက် အချိန်ယူသင့်သည်။

"ဒါနဲ့ မင်း တော်ဝင်မိသားစုဆီ ပြန်သွားပြီးပြီလား?"  ဖေးဟောင်က စီးကရက်တစ်လိပ်အား ထုတ်ရင်း ဖေးစစ်ရန်အား မေးလိုက်သည်။

သို့သော် ဖေးဟောင် စီးကရက်အား မီးညှိမည့်အချိန်မှာပင် ပိုင်ဟောင်က ဆွဲယူလိုက်ကာ အမှိုက်ပုံးထဲသို့ လွှတ်ပစ်လိုက်သည်။

ဖေးဟောင် ကြောင်တောင်တောင်ဖြစ်သွားကာ
"ဘာဖြစ်လို့ လွှတ်ပစ်တာလဲ"

ဖေးစစ်ရန်ကတော့ ဘာမှမဖြေပဲ သူ့ကိုသာ အေးဆေးတည်ငြိမ်စွာ ကြည့်နေသည်။

ဖေးဟောင္က သူ့ကျန်းမာရေးအတွက် စိတ်ပူနေသည်ဟုထင်တာကြောင့် ဖေးစစ်ရန်ရဲ့ ပုခုံးအား ပိုက်ကာ သူ့မျက်နှာထက်တွင် တောက်ပသောအပြုံးဖြင့်
"Well...well..well.. ကိုယ့်ဉီးလေးကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ အခု သိသွားပြီပဲ ဟုတ်တယ်မလား.. မင်းအရွယ်ရောက်လာပြီပဲ"   ဖေးဟောင် အမှန်တကယ် ပျော်ရွှင်သွားသည်

သို့သော် ပိုင်ဟောင်က ချက်ချင်းပင်စကားဝိုင်းထဲ ဝင်ကာ
"မစ္စဖေးက ကိုယ်ဝန်နဲ့ ဖြစ်နေလို့ပါ"

"ကိုယ်ဝန်? သူ့မှာ ကိုယ်ဝန်ရိှနေတယ်?"  ဖေးဟောင်က ကျန်းရှန်အား လက်ညှိုးထိုးရင်း မယုံကြည်နိုင်စွာမေးလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ