အပိုင်း(106) ကြောက်စရာကောင်းလောက်တဲ့သတ္တိခဲလေး

1.1K 125 6
                                    

Unicode (ကြောက်စရာကောင်းလောက်တဲ့သတ္တိခဲလေး)

"အ..အဆင်ပြေတာပေါ့.. သေချာပေါက် အဆင်ပြေတယ်လေ.. ကျွန်တော့်အနားမှာ ရွှီချွမ်လို အားအပြည့်ရှိတဲ့ သက်တော်စောင့်တစ်ယောက်လုပ်ရှိနေတာလေ ဘယ်လိုလုပ်.. ဒဏ်ရာမပြောနဲ့ အစင်းရာတောင် ရမှာလဲ"

ဖေးစစ်ရန်ဆီမှာ အဖက်မခံရသည်မှာ အနဲငယ်ကြာပြီမလို့လားတော့မသိ ကျန်းရှန် စိတ်ဂနာမငြိမ်ဖြစ်လာပြီး လေသံရော အသက်ရှူသံပါ မမှန်ချင်တော့။

သူပြောချင်တာ ပြောပြီးတာနဲ့ အခြားတဖက်သို့ မျက်နှာပူစွာဖြင့် လျှောက်ကြည့်နေမိသည်။ ခုလိုအချိန်တွင် သူ ဖေးစစ်ရန်ကို မျက်လုံးချင်း စေ့စိုက်ကြည့်ရဲလောက်တဲ့အထိ သတ္တိမရှိသေးပေ။

ရှက်လို့ပဲလား ရွှီချွမ်ပြောခဲ့တဲ့ ဖေးစစ်ရန်ကိုတောင် မယုံကြည်နဲ့ဆိုတဲ့ သတိပေးစကားကြောင့်ပဲလားတော့မသိ သူ့အတွေးတွေ ရှုပ်ထွေးနေသည်။

"အချစ်?"

ကျန်းရှန်ရဲ့တုံ့ပြန်မှုကိုကြည့်ရင်း တခုခုလွဲချော်နေသည်ဟု ခံစားမိတာကြောင့် ကျန်းရှန်ရဲ့ ပါးအား ဖေးစစ်ရန် ငြင်သာစွာဖြင့် ပွတ်သပ်လိုက်ရင်း စိုးရိမ်စွာ မေးလိုက်သည်။

"ရှိ...ရှိတယ်လေ.. ကျွန်တော်ဒီမှာရှိနေတာပဲကို..."  ကျန်းရှန်မှာ နေရထိုင်ရခက်စွာ ပြုံးလိုက်သော်လည်း ဖေးစစ်ရန်နဲ့တော့ မျက်လုံးချင်း လုံးဝမဆုံမိအောင် သတိထားပြီး သူ့အကြည့်တွေကို ရှောင်နေလိုက်သည်။

ဖေးစစ်ရန် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိပြီး "အချစ် ဘာဖြစ်နေတာလဲ"

"ဘာ..ဘာမှမဖြစ်ဘူးလေ.. တကယ်ဘာမှမဖြစ်ဘူး"

ကျန်းရှန်လဲ တတ်စွမ်းသလောက် အကောင်းဆုံးကြိုးစားသော်လည်း သူကိုယ်တိုင်က လူလိမ်လုပ်တဲ့နေရာမတော်တာကြောင့် လိမ်ညာရန် မရမက အားစိုက်ထုတ်နေရသည်ကို ဖေးစစ်ရန် ထွင်းဖောက်မြင်နေရသည်။

"ပိုင်ဟောင်!"

ဖေးစစ်ရန်အသံမှာ ပိုလေးနက်လာပြီး မျက်လုံးများမှလဲ အေးစက်ပြီး ကြောက်စရာကောင်းနေသည်

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Onde histórias criam vida. Descubra agora