Chapter-11(ရုတ်တရက်ဖေးစစ်ရန်ဒေါသထွက်လာတယ်)

12.6K 1.8K 12
                                    

Unicode  ✨❤️

'တောက်! ပြောတော့ ဖန်းရှောင်ကို မကြိုက်ဘူးဆို ဘာလို့ သူ့ကိုအနိုင်ကျင့်လို့ဆိုပြီး ငါ့ကို စိတ်ဆိုးရတာလဲ!? ခင်ဗျားရဲ့အပေးအယူက ဘာလဲ!'

တတွတ်တွတ်နဲ့ တစ်ယောက်တည်း ပြောလျက် ဧည့်ခန်းသို့ ဝင်လာလိုက်သည်။ ထို့နောက် ဆိုဖာပေါ် ပျင်းတိပျင်းရွဲဖြင့် လှဲကာ တီဗီဖွင့်လိုက်သည်။

"ကြားဖြတ်သတင်း; မနေ့ညနက်သန်းခေါင်မှ ကျန်းမိသားစုရဲ့ သခင်လေးကျန်းရှန် အဆောင်အဉီးပေါ်ကနေ ခုန်ချပြီး သတ်သေသွားခဲ့တယ်လို့သတင်းရပါတယ်.. စျာပနအခမ်းအနားကို ကျန်းမိသားစုရဲ့လူကြီးတွေက စီစဉ်ပေးမယ်လို့သိရိှရပါတယ် တစ်မိသားစုလုံးကတော့ သခင်လေးရဲ့သေဆုံးမှုအတွက် အလွန်ပူဆွေးသောကရောက်နေကြပါတယ်...
ဟုတ်ကဲ့ ကျွန်မ သတင်းတင်ဆက်ကြေညာသူ သစ်နန်းပိုင်ပါရှင်"

"ခန..! သတ်သေတယ်.. ငါက ကိုယ့်ကိုကိုယ်သတ်သေတယ်..."

တီဗီဖွင့်ဖွင့်ချင်း မြင်ရတဲ့သတင်းကလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းကြီး.. ကျန်းရှန်  အံ့သြပြီး စိတ်ရှုပ်ထွေးရတော့သည်။

သူ လက်ရန်းကို ကိုယ်ဖြင့် မှီတွဲထားရာကနေ ချော်ထွက်ပြီး ၂၅ထပ် တိုက်ပေါ်ကနေ မတောတဆ ပြုတ်ကျသွားတာလေ

သောက်ကျိုးနဲ ဘယ်လိုလုပ် အဆုံးစီရင်တာဖြစ်သွားရတာလဲ..

"ဘာ..ဘာတွေဖြစ်နေတာလဲ..!"
ကျန်းရှန် သတင်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။ သတင်းတွင် သူ့မိဘနဲ့ ညီမလေးက.. သူ့အုတ်ဂုတ်ရှေ့တွင်နေကာ အသည်းအသန်ငိုကြွေးနေသည်။

ကျိုးသွားတဲ့ လက်ရန်းတိုင်းကို ကြည့်ရုံနဲ့ ဒီသေဆုံးမှုက မတော်တဆဖြစ်တာဆိုတာ ထင်ရှားနေတာပဲ.. ဘာလို့များ လူတွေအားလုံးက အဆုံးစီရင်တယ်လို့ ထင်နေကြတာလဲ??

"ဟေ့လူ.. ကျွန်တော်ပြောတာကြားလား.. ကျွန်တော် လက်တော့လိုတယ် .. ခင်ဗျား လက်တော့လေးတောင် မငှါးချင်ဘူးလား"

ဖေးစစ်ရန်ဆီမှ ဘာတုံ့ပြန်ချက်မှ မလာတာကြောင့် ကျန်းရှန် ဒေါသကထောင်းခနဲ ထွက်သွားတော့သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Hikayelerin yaşadığı yer. Şimdi keşfedin