Chapter-10(မင်းကကလေးမွေးပေးရမဲ့အရာဝတ္ထုသာသာပဲ)

13.5K 2K 28
                                    

Unicode  ✨✨

"ဒီမှါ... နည်းနည်းလောက် ထပ်စားပါအုံး...ဒါမှ ကိုယ်တို့ကလေးလေးလဲ ဗိုက်ဝမှာ..."

ထမင်းစား စားပွဲရောက်တော့ ဖေးစစ်ရန် နူးညံ့ကြင်နာနေရုံတင်မက ကျန်းရှန် ရဲ့ ပန်းကန်ထဲ အရသာရိှတဲ့ အစားအစာတွေ အကုန်ထည့်ပေးကာ ဂရုစိုက်ပေးနေသည်။
ထည့်ပေးထားတဲ့ ဟင်းတွေဆိုတာလဲ ကျန်းရှန်ရဲ့ပန်းကန်ပေါ် စားစရာတောင်ကြီး ရောက်နေတဲ့အတိုင်းပင်။ တစ်ဖက်တွင်တော့ ဖေးစစ်ရန်ရဲ့ အပြုအမူတွေ​ေကြောင့် ကျန်းရှန် ဆွံ့အလျက်...

'ငါ့ကို ခနလောက် အနားပေးပါအုံးလား!  သူ့ဘာသာသူ ဖန်းရှောင်နဲ့ပဲ အတူနေပေးပြီး ခိုင်မြဲတဲ့ relationship တစ်ခုပဲ လုပ်လိုက်ပါတော့လား.. ငါ့ကိုလည်း မကြိုက်မဲ့အတူတူ..'

သူ့ ရင်ဘတ်တစ်ခုလုံးတွင် ဒေါသပေါက်ကွဲသံများ ပြည့်လျှံနေပေမဲ့ ဖေးစစ်ရန်ကို သူ တိုက်ရိုက်ပြောဖို့ကတော့ ကြောက်သည်။ ဘာကြောင့်ဆို
ကြင်နာမှုတို့ရဲ့နောက်ကွယ်တွင် ဖေးစစ်ရန် မျက်လုံးများက သူ့အားစိုက်ကြည့်ရင်း
'မင်း ပြဿနာမတက်ချင်ရင် ငါ ခိုင်းတဲ့အတိုင်း လိုက်လုပ်...'  ဟူသော သတင်းစကား ပါးနေသည်

'ဟုတ်ပါပြီ..ဟုတ်ပါပြီ... ခင်ဗျားပြောတဲ့အတိုင်း အလိုက်သင့်လိုက်နေပါ့မယ် ဟုတ်ပြီလား...  ငါဒီကနေ လွတ်မြောက်တဲ့အချိန်ကျရင် ဖေးစစ်ရန် ခင်ဗျားကို လက်စားပြန်ချေပြမှာ...'

ကျန်းရှန် သူ့ဘာသာသူ တစ်ယောက်တည်းပြောပြီးနောက် သူစိတ်ကြည်သွားပြီး သက်တောင့်သက်သာဖြစ်သောအမူအရာသို့ ပြောင်းလဲလာသည်။

'ဒါနဲ့.. ဒီက စားဖိုမှူးက အချက်အပြုတ်ကောင်းသားပဲ..ငါ့အကြိုက်ဟင်းလျာတွေချည့်ပဲ ရှယ်ဂွတ်...'

ကျန်းရှန် ပန်းကန်ထဲကဟင်းတွေကို နှစ်များစွာအငတ်ဘေးဆိုက်ခဲ့တဲ့ မြင်းတစ်ကောင်လို့ ပြောင်စင်အောင် စားသောက်လိုက်သည်။

မူရင်းခန္ဓာကိုယ်ပိုင်ရှင်က ခြောက်လလောက် ပုံမှန်အစားစားခြင်းမရိှခဲ့တာကြောင့် ကျန်းရှန် ဒီလေါက်ထိ ဆာလောင်နေခြင်းပင်။ သူ အသက်ဆက်ရှင်နေသေးတာက ကျန်းရှောင် သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတဲ့ကြားထဲက ဖေးစစ်ရန် သူ့သွေးအား အတင်းအကြပ် သောက်ခိုင်းခဲ့သောကြောင့်သာ...

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now