(Unicode Version)
ဆန်းကြယ်မှုပြီးနောက် ထပ်မံဆန်းကြယ်ခြင်း
ချီရွှမ်သည် စားဖိုမှူး၏မေးခွန်းကို ဖြေကြားမည့်အစား သူမလက်ထဲတွင် ဝှက်ထားသော ဓားရှည်အားထုတ်လိုက်ကာ ဖေးစီရမ် ဆီသို့ ဦးတည်ကာ ထောက်ထားလိုက်သည်။
" ငါ့ကို ဒီလိုလုပ်မိအောင် မကြိုးစားပါနဲ့" သူမမျက်လုံးများသည်လည်း ရေခဲတမျှ အေးစက်နေသည်။
"သခင်"
စားဖိုမှူးလည်း သူ့သခင်အား အန္တရာယ်ကြားမှကယ်တင်ရန် အပြေးတစ်ပိုင်းဖြင့်လာသော်လည်း ဖေးစီရမ်က သူ့လက်တစ်ဖက်ကို မြှောက်ကာ စားဖိုမှူးအား ရပ်တန့်စေပြီး အနောက်သို့ဆုတ်နေရန် ပြောလိုက်သည်။
"သူ့ကို မင်းနဲ့အတူ အခုချက်ချင်းခေါ်သွားလို့မရနိုင်ဘူး အပြင်ကို မင်းတို့ထွက်လို့ရအောင် လမ်းပြပေးမဲ့လူတွေ ရှိတယ်"
ထိုစကားအားကြားသည့်တိုင် ချီရွှမ်သည် "ကျေးဇူးတင်ပါတယ်" ဟုတောင်မပြောပဲ ကျန်းရှန်၏လက်မောင်းကိုဆွဲကာ တုန့်ဆိုင်းခြင်းမရှိ ရှေ့မှ ဦးဆောင်၍ ထွက်သွားလိုက်သည်။
"အာ့ အာ့!! နာတယ်ဟ ဖြည်းဖြည်းဆွဲ! မင်း ဖြေးဖြေးချင်းစီ လမ်းလျှောက်လို့မရဘူးလား"
ကျန်းရှန်သည် သူမနောက်မှ တတွတ်တွတ်ညည်းတွားနေခဲ့သော်လည်း ချီရွှမ်သည် လမ်းလျှောက်ခြင်းအား ရပ်တန့်လိုက်ခြင်းမရှိ၊ အေးစက်၍ လေးနက်လွန်းသော မျက်နှာထားဖြင့်သာ ထိုနေရာမှ ထွက်လာခဲ့သည်။
"သခင်၊ ဖေးစစ်ရန်ရဲ့ ဇနီးကို တကယ်ကြီး ဒီတိုင်းလွှတ်ပေးလိုက်တော့မလို့လား" စားဖိုမှူးသည် သူမြင်လိုက်ရသည့်အရာအတွက် မယုံကြည်နိုင်အောင်ဖြစ်နေသည်။
'သူ့ကို ဒီထိ ပြန်ပေးဆွဲလာနိုင်ဖို့ကို နည်းမျိုးစုံနဲ့ ကြိုးစားပြီးခေါ်လာခဲ့ရတာကို ခုကျ ဒီတိုင်းပြန်လွှတ်ပေးလိုက်ရမှာလား'
" သူက ဖေးစစ်ရန်ကို စောင့်ကြည့်ဖို့အတွက် အထက်ကလွှတ်ထားတဲ့ စပိုင်တစ်ယောက်ပဲ အဲ့တာကြောင့် ငါတို့သူ့ကို လွှတ်ပေးဖို့ လိုတာပေါ့"
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...