Chapter-97

4.4K 589 4
                                    

Unicode

"မီးဖွင့်လိုက်"

"ဟုတ်ကဲ့ပါ သခင်"

စားဖိုမှူးသည် မီးအား ဖွင့်လိုက်ပြီးနောက် စိုစွတ်သောမြေအောက်ခန်းသည် အမှောင်ထုတို့ပျောက်ကွယ်သွားသည်။

ဖေးစစ်ယွမ်သည် ကျောက်တံခါးအားဖွင့်ကာ အတွင်းဘက်မှ ခလုတ်တစ်ခုအား ဖိနှိပ်လိုက်တာကြောင့် မြေအောက်ခန်းတစ်ခုလုံးသည် လင်းထိန်လာသည်။

ရုတ်တရက်ထွက်ပေါ်လာသော အလင်းရောင်ကြောင့် ကျန်းရှန် မျက်စိကျန်းသွားပြီး မျက်လုံးတို့အား တင်းကြပ်စွာ မှိတ်ထားလိုက်သည်။ မိနစ်အနည်းငယ်ကြာအောင် မျက်စိကျိန်းပြီးနောက် နောက်ဆုံးတွင် အသိစိတ် ပြန်လည်စုစည်းနိုင်တော့သည်။

သူ့မျက်စိရှေ့မှ ပထမဆုံးမြင်ရသူသည် ကုတင်ပေါ်၌ ချိန်းကြိုးတို့ဖြင့် ဖမ်းချုပ်ခံထားရသော အစိမ်းရောက်ခပ်တောက်တောက်ဆံပင်တို့ဖြင့် လှပသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်သည်။

အပေါ်ယံပုံစံဖြင့် ဆုံးဖြတ်ကြည့်လျှင် အသက် ၁၈နှစ်ဝန်းကျင်လောက်သာ ရိှလောက်ပြီး သူ့အသက်အရွယ်တွင်ရိှသင့်သည် သန်မာမှုနှင့် ကျန်းမာရေးကောင်းမွန်မှုတို့ မရိှပုံပေါ်သည့် လူငယ်တစ်ယောက်ပင်။  နံရံအား အကူပြုကာ မတ်တပ်ပင် ရပ်နိုင်ပုံ မရိှသည်အထိ အားနည်းသည့်ပုံပင်။

ဒဏ်ရါအမှတ်အသားများထင်ဟပ်စေသည့် လေးလံလွန်းသော ချိန်းကြိုးတို့ကြောင့် ထိုလူငယ်သည် တစ်ခနအတွင်းတွင် အသက်ထွက်တော့မည့်လူတစ်ယောက်ကဲ့သို့ပင်။ သူ့အဖြစ်အားမြင်သည့်မည်သူမဆို နှလုံးသားကြေကွဲနိုင်သည်အထိ ထိုလူငယ်သည် ခန္ဓာကိုယ်ပိန်လျလွန်းကာ အားနည်းလွန်းနေသည်။

သို့သော် ထိုလူငယ်၏ ကိုယ်ပေါ်တွင် ဒဏ်ရါတစ်ခုမှ ရိှမနေကာ ညှင်းပန်းနှိပ်စက်သည့် လက္ခဏါတို့လည်း တစ်ခုမှ မရိှပေ။ ထိုလူငယ်သည် ပိတ်လှောင်အကျဉ်းချခြင်း ခံနေရရုံသာဖြစ်သည်။

"သွား!... ထွက်သွား!!  ငါ မင်းကို မမြင်ချင်ဘူး! ငါတစ်ယောက်တည်းနေပါရစေ"

ဖေးစစ်ယွမ် အထဲသို့ ဝင်လာချိန်တွင် ထိုလူငယ်သည် ကြောက်ရွံ့တုန်လှုပ်လာသည်။ မျက်ဝန်းထောင့်မှ မျက်ရည်များစွာစီးကျလာပြီး နူးညံ့သိမ့်မွေ့သည့်ပုံစံဟု ဆိုတာထက် သနားစရာကောင်းလှသော ပုံစံ ပေါ်လာသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now