Chapter-14(ကုမ္ပဏီသို့ရောက်ရိှခြင်း)

11.6K 1.7K 6
                                    

Unicode  💕💕

'သူ့လို သွေးအေးတဲ့လူတစ်ယောက်မှာ ဒီလို ခံစားချက်မျိုးနဲ့ ပြုမူတတ်တယ်ဆိုတာကို နားလည်ဖို့က တော်တော်ခက်ခဲတာပဲ.. အရိုးသားဆုံးပြောရရသ် သူ့ကို ဒီလိုမျိုးဖြစ်အောင် လုပ်နိုင်တဲ့လူကို တကယ်လေးစားတယ်'

ကျန်းရှန် သူ့ဘာသာသူ လှောင်ပြုံးပြုံးမိရင်း တွေးလိုက်မိသည်။ ဒါပေမဲ့လဲ ဖေးစစ်ရန်က သူ့ရဲ့ ပထမဆုံးအရူးအမူးစွဲလန်းမှုတစ်ခုဖြစ်ခဲ့သည်။ ယခုအချိန်မှာတော့ သူ့အပေါ် ချစ်ခင်တွယ်တာမှုတစ်သက်မှ မရိှသော်လည်း အချိန်ကြာလာတာနဲ့အမျှ ဖေးစစ်ရန်သူ့အပေါ် တိမ်းညွတ်သွားနိုင်သည်ဟု ထင်မှတ်ခဲ့မိသည်။

"ဒါကို ဝတ်ထား"

ဖေးစစ်ရန်က သူ့ခေါင်းပေါ်သို့ ဉီးထုပ်တစ်လုံးဆောင်းပေးလိုက်တာကြောင့် ကျန်းရှန် သူ့မျက်နှာအားစိုက်ကြည့်မိသည်။ထို့နောက် သူ့အား mask ပါ ဝတ်ဆင်စေလိုက်သည်။

သူလုပ်သမျှအစအဆုံး ကျန်းရှန် စောင့်ကြည့်နေလိုက်သည်။
ထို့နောက် ဖေးစစ်ရန်အား ကြည့်ကာ ငိုင်တွေစွာမေးလိုက်သည်
"ဒါတွေက..ဘာအတွက်လဲ..??"

"မင်းအသတ်မခံချင်ဘူးဆိုရင် ဝတ်ထားလိုက်"

ဖေးစစ်ရန် ရှည်ရှည်ဝေးဝေးရှင်းပြမနေပဲ လိုရင်းတိုရှင်းသာ ဖြေလိုက်သည်။
မာကျောမနေသော အသံအနေအထား​အရ.. ဘာမှ မဖြစ်စလောက်ကိစ္စတစ်ခုပင်ဖြစ်မည်ဟု အတပ်ပြောနိုင်သည်။

"ကောင်းပြီလေ!"

ဖေးစစ်ရန် ဆင်ပေးထားသမျှ ဉီးထုပ်ရော Mask တို့ကို သေချာဝတ်ဆင်လိုက်ကာ.. ဖေးစစ်ရန်အားအေးစက်စွာစိုက်ကြည့်လိုက်သည်။

'ဘာကြောင့်ဆိုရင် ငါက သူ့ရဲ့ချစ်သူပဲလေ.. ဒါ့ကြောင့် ငါ့ကိုလူမြင်မခံချင်တာပေါ့.. သူ့ချစ်သူမှန်းရိပ်မိသွားမှာကြောက်လို့လား.. ကိစ္စမရိှပါဘူး.. ငါကလဲ ဒါကို ဖော်ကောင်လုပ်ဖို့စိတ်ကူးမရိှပါဘူး.. ဘာဆိုင်လို့ ငါက လိုက်နှောင့်ယှက်နေရမှာလဲ?'

ကျန်းရှန်ကို သိပ်ပြီးဂရုမစိုက်တတ်တဲ့ လူမျိုးဖြစ်တာကြောင့် အနှောင့်အယှက်တော့ ဝင်မပေး..

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now