1901....1920

93 1 0
                                    

အခန်း (၁၉၀၁)(စာစဉ် ၁၅၂- အပိုင်း ၁)
“သိမ်းသွင်းခြင်း”
“မင်းရှုံးပြီ . . .”
မိုဖေ့ယန် တကယ်တမ်းပြောချင်နေသည်မှာ ထိုစကားလုံးပင်ဖြစ်၏။
သို့သော် ကျန်စကားလုံးများကို ဆက်၍မပြောနိုင်ဘဲ ‘မင်း’ ဆိုသည်နှင့်သာ အဆုံးသတ်သွားရသည်။
ထိုအခိုက် မထင်မှတ်စွာဖြင့်ပင် ရဲရှောင်၏ဓားက ဝေ့ယမ်းနေရာမှ ရုတ်တရက် တန်ပြန်တိုက်ခိုက်မှု ပြုလုပ် လာသည်။ ဓားမှထွက်ပေါ်နေသည့် ဓားအလင်းတန်းများမှာလည်း လွန်စွာ လင်းလက်လျက်ရှိပြီး မိုဖေ့ယန်၏ဘဝ တွင် တစ်ကြိမ်တစ်ခါမှပင် မမြင်တွေ့ဖူးသည့် ဓားချက်မျိုးပင်ဖြစ်၏။
စင်စစ် ယခုဓားချက်က ရဲရှောင် ယခင်ပြုလုပ်ခဲ့သည့် ဓားလှုပ်ရှားမှုများထက် ၁၀ ဆမက ပိုအားပါပြင်းထန် နေခြင်းပါပင်။
ထိုအချိန် ပြင်းထန်လှသော ဓားချက်များကြားမှပင် ရဲရှောင်၏အသံ ထွက်ပေါ်လာ၏။
“ဖေ့ယန် . . .”
“ကျုပ်ရဲ့ ဒီဓားနဲ့တိုက်ကွက်ကို မြည်းကြည့်လိုက်ပါဦး . . .”
“စကြဝဠာကြီးကို အုပ်စိုးမယ် . . .”
ထိုအခိုက် ဓားချီဓာတ်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုပင် ဖုံးလွှမ်းသွားပြီး မိုဖေ့ယန်၏ မျက်နှာထံသို့ ချက်ချင်းပင် တိုးဝင်သွား၏။
မိုဖေ့ယန်၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားလှသော်လည်း ရုတ်တရက် တိုးဝင်လာသော ဓားချက်ကို မြင်တွေ့ လိုက်ရသည့်အချိန် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။ ထို့ကြောင့် အမြဲတစေ တည်တည်ငြိမ်ငြိမ် ရှိတတ်သည့် မိုဖေ့ယန်တစ်ယောက် ချက်ချင်းပင် မျက်နှာအမူအယာ ပြောင်းလဲသွား၏။
ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်လိုက်သည်။ အချိန်ဆွဲနေပါက မလို လားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
အကယ်၍ ရဲရှောင်၏ ဓားချက်သာ ယခုလောက်အထိ ပြင်းထန်မှုမရှိပါက တိုက်ပွဲအခြေအနေမှာ ပြောင်းလဲ သွားနိုင်ပေသည်။ သို့သော် ရဲရှောင်က မထင်မှတ်ဘဲ တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်လိုက်၏။
မိုဖေ့ယန်လည်း လည်ချောင်းတစ်ခုလုံး အက်ကွဲသွားသလို ခံစားလိုက်ရပြီး ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။ လင်းလက်လှသော ဓားနှင့် သူ၏လည်ပင်းက ၃ ပေခန့်သာကွာတော့ပြီး ဓားချီဓာတ်များမှာလည်း အလွန်သိပ်သည်းပြင်းထန်လွန်းလှသည် မဟုတ်ပါလား။
နောက်ဆုံးရလာဒ်မှာ ကြေညာမောင်းခတ်စရာမလိုအောင်ပင် ရှင်းလင်းသွားချေပြီ။ မိုဖေ့ယန် ရှုံးနိမ်သွားပြီ ဖြစ်၏။
မြန်ဆန်လွန်းလှသည့် အခြေအနေကြောင့် မိုဖေ့ယန် နားမလည်နိုင် ဖြစ်သွားသည်။ တိုက်ပွဲအစမှနေ၍ အဆုံးတိုင် သူ့ဘက်မှ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ယခုအခါတွင် အဘယ့်ကြောင့် ရှုံးနိမ့်သွားရပါသနည်း။
ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ရဲရှောင်မှ -
“ခင်ဗျား အခြေအနေတွေကို နားမလည်နိုင်ဖြစ်နေတာမလား . . .”
ရဲရှောင်မှ ခပ်အေးအေးပင် မေးလိုက်၏။
မိုဖေ့ယန်မှ ခေါင်းကိုခါယမ်းလိုက်ရင်း -
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ . . . ဘယ်လိုဖြစ်သွားရတာလဲ . . .”
ရဲရှောင် ပြုံးလျက် -
“တကယ်တော့ ဒါကရိုးရှင်းပါတယ်၊ ခင်ဗျားက ကျုပ်ကို သိပ်ပြီးအထင်သေးနေတာကိုး . . .”
“ဒါကကျုပ်နိုင်ရတဲ့ အဓိကအကြောင်းအရင်းပဲပေါ့ . . .”
ထိုစကားကြောင့် မိုဖေ့ယန် အံ့ဩသွား၏။
“အခန်းထဲမှာရှိနေတုန်းက ကျုပ်ရဲ့ချီဓာတ်တွေကို ထုတ်လိုက်တဲ့အချိန် ကျုပ်က မသေမျိုးအဆင့်ရှစ်ရဲ့ ထိပ်ဆုံးအဆင့်ဆိုတာကို ခင်ဗျား သိသွားခဲ့တယ် အဲဒီတော့ ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးက ခင်ဗျားလက်ထဲမှာပဲ ရှိတယ် လို့ ခင်ဗျား ယုံကြည်ခဲ့တယ်လေ . . .”
ရဲရှောင်မှ ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
“ဒါပေမယ့် အခု ခင်ဗျားရှုံးခဲ့တာ တိုက်ကွက် ၉ ကွက်လောက်ပဲရှိသေးတယ်၊ ခင်ဗျား သေချာစဉ်းစားကြည့် မယ်ဆိုရင် အဖြေက မခက်ပါဘူး . . .”
“ကျုပ်က ခင်ဗျားညီအစ်ကိုတွေရှေ့မှာ ကျုပ်ရဲ့ အစွမ်းတွေအကုန်ထုတ်ပြရလောက်အောင် ရူးမိုက်မနေဘူး၊ ကျုပ်မှာလည်း ကျုပ်ရဲ့ဝှက်ဖဲရှိသေးတာပေါ့ . . .”
“အခုတော့ အဲဒီဝှက်ဖဲကြောင့်ပဲ ခင်ဗျား ထောင်ခြောက်ထဲ ရောက်သွားခဲ့တာ၊ ခင်ဗျားစိတ်ထဲ ဒီလိုရလာဒ် ဖြစ်လာမယ်လို့ မထင်ထားဘူးမလား၊ ခင်ဗျား သေချာစဉ်းစားကြည့်မယ်ဆိုရင် ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းကို သိလာပါလိမ့်မယ် . . .”
ရဲရှောင်၏ စကားများကို နားထောင်ရင်း မိုဖေ့ယန် အသက်ပြင်းပြင်းသာရှူလိုက်၏။
“ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ကျုပ်ရဲ့အထက်မှာရှိနေတယ်၊ အစကတည်းက ခင်ဗျားဘက်က ကျုပ်ကို အထင်မသေးဘဲ ကောင်းကောင်းရင်ဆိုင်ခဲ့မယ်ဆိုရင် ခင်ဗျား နိုင်နိုင်ခြေရှိတာပေါ့ . . .”
“ဒါပေမယ့် ခင်ဗျားက အဲဒီအချက်တွေကို မေ့ထားပြီး အနိုင်ရမယ်လို့ပဲ တထစ်ချ ယုံကြည်ခဲ့တာလေ၊ ကျုပ် ကို ခင်ဗျားက နည်းနည်းလေးမှတောင် အထင်မကြီးခဲ့ဘူး . . .”
“ရန်သူကို အထင်သေးတာမျိုး၊ အမှားနဲ့အမှန်ကို မဝေခွဲနိုင်တာမျိုး၊ ကိုယ့်ရဲ့အဆင့်အပေါ်မှာ ယစ်မူးပြီး တိုက်ပွဲမှာ သင့်တော်တဲ့ နည်းလမ်းကို အစကတည်းက အသုံးမပြုတာမျိုးတွေက ကိုယ့်ကို အရှုံးနဲ့ရင်ဆိုင်ရစေနိုင် တယ်၊ အခုလည်း အဲဒီအချက်တွေကြောင့် ခင်ဗျား ရှုံးသွားရတာပဲ၊ တခြားဘာကြောင့်မှ မဟုတ်ဘူး . . .”
“ခင်ဗျား အခု ကျုပ်ပြောသွားတာတွေကို နားလည်မယ်ထင်တယ် ဒါပေမယ့် ဒီနေရာမှာ ကျုပ်သာ ခင်ဗျားရဲ့ ရန်သူအစစ်ဆိုရင် ကျုပ်ဓားချက်နဲ့ ခင်ဗျား သေပြီးသွားလောက်ပြီ၊ အသက်ဆိုတာ တစ်ချောင်းပဲပါတယ်၊ နှစ်ချောင်း အပိုမပါဘူး အဲဒီတော့ တိုက်ပွဲကိုစလိုက်ပြီဆိုတာနဲ့ သတိကောင်းကောင်းရှိဖို့ လိုအပ်တယ် . . .”
ရဲရှောင်မှ ဆက်၍‌ ပြောလိုက်၏။
“ကျုပ်ရဲ့ဓားချက် ဒီလိုထွက်လာမယ်လို့ ခင်ဗျား ထင်မထားဘူးမလား ပြီးတော့  ကျုပ်ဘက်က ခုခံမှုမလုပ် နိုင်တော့တာနဲ့ အဲဒီအခြေအနေကို ခင်ဗျား အသုံးချပြီး အနိုင်ရမယ်လို့လည်း တွေးထားခဲ့တယ်၊ နောက်ဆုံး ကျုပ် ခုခံနေတဲ့အချိန် ခင်ဗျားက သင့်တော်တဲ့ တိုက်ခိုက်မှုလုပ်ဦးမယ်လို့ တွေးခဲ့တာမလား . . .”
“ဒါပေမယ့် ကျုပ်မှာလည်း ကျုပ်ထုတ်မသုံးရသေးတဲ့ ဝှက်ဖဲရှိနေတယ်လေ၊ ကျုပ်သာ ခင်ဗျားရန်သူဆိုရင် ခင်ဗျား ဒီနေရာမှာ ၁၀ ကြိမ်လောက်ကို သေပြီးသွားလောက်ပြီ၊ တိုက်ပွဲပြီးတာနဲ့ ဘယ်လိုမှ အသက်ရှင်နိုင်စရာ အကြောင်းကို မရှိဘူး . . .”
“အခုလိုမျိုး ရှုံးနိမ့်နိုင်တဲ့ အကြောင်းတရားတွေ များနေမှတော့ မရှုံးဘဲ ဘယ်နေပါ့မလဲ၊ ခင်ဗျား အေးအေး ဆေးဆေးဖြစ်သွားတဲ့အချိန် နဖူးပေါ် လက်တင်ပြီး ကျုပ်ပြောသွားတာတွေ မှန်မမှန် စဉ်းစားကြည့်ပေါ့ . . .”
တစ်ချိန်လုံး နှုတ်ဆိတ်နေသော မိုဖေ့ယန်၏မျက်နှာ ပျက်ယွင်းသွား၏။
“ခင်ဗျား ပြောခဲ့တဲ့အချက်တွေကို ဘယ်လိုဖြစ်လို့ ကျုပ်မသိခဲ့ရတာလဲ၊ ကျုပ်နားမလည်နိုင်တာ ခင်ဗျားက မသေမျိုးအဆင့်ရှစ်ပဲရှိသေးပေမယ့် တိုက်ခိုက်မှုတွေကတော့ ပြင်းထန်လွန်းတယ်၊ ကျုပ်လို အဆင့်ကိုးရဲ့ အလယ် အလတ်အဆင့်ရှိနေတဲ့ လူကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ် . . .”
“နောက်ပြီးတော့ ခင်ဗျားရဲ့စွမ်းအင်တွေက ကုန်သွားတာမျိုးလည်း မရှိဘူး၊ တစထက်တစတောင် ပိုပြီး အားကောင်းလာနေသလိုပဲ၊ ဘယ်လိုပဲစဉ်းစားစဉ်းစား ဒါကအဓိပ္ပာယ်မရှိဘူးမလား၊ မသိရင် လျှို့ဝှက်နည်းနစ်တစ်ခု လိုပဲ . . .”
မိုဖေ့ယန် နားမလည်နိုင်ခြင်းများစွာဖြင့် ရေရွတ်လိုက်၏။
တိုက်ပွဲ စတင်ကတည်းက သူ၏အတွေ့အကြုံဖြင့် ရဲရှောင်၏ စွမ်းအင်များ မည်သည့်အချိန်၌ ကုန်ဆုံးသွား မည်ကို ကောင်းစွာ တွက်ချက်ထားခဲ့၏။ သို့သော် အဆုံးသတ်တွင်မူ သူ၏အထင်နှင့်အမြင် မှားယွင်းသွားသည်ဟု ဆိုနိုင်သည်။
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“ကျုပ်သာ ဒီလိုလှည့်ကွက်တွေကို အစောကြီးကတည်းက ထုတ်သုံးလိုက်မယ်ဆိုရင် ကျုပ်နိုင်ချင်မှနိုင်လိမ့် မယ်၊ နောက်ပြီး ဒီလိုမျိုး ချီဓာတ်တွေ မြန်မြန်ဆန်ဆန်နဲ့ ပြည့်ဝစေနိုင်တဲ့ လျှို့ဝှက်ချက်က ကျုပ်ရဲ့ဝှက်ဖဲလို့ပဲ ပြော ရမလား၊ တခြားလူတွေအနေနဲ့ကတော့ ဒါကထူးဆန်းနေမှာပေါ့လေ . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့စွမ်းအင်တွေ ကုန်သွားတာမျိုး မရှိဘူးဆိုတာကိုတော့ ခင်ဗျား ခံစားမိခဲ့တယ် မလား၊ အဲဒါ ခင်ဗျား သိရင်ရပြီ . . .”
မိုဖေ့ယန်တစ်ယောက် သွေးများပင် အန်ထွက်သွားချင်မိ၏။
(ငါ့ကို ပိုပြီးစိတ်ဓာတ်ကျအောင် ပြောနေတာလား၊ မသေမျိုးအဆင့်ရှစ်က အဆင့်ကိုးရဲ့ အလယ်အလတ် အဆင့်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ ဒါကကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်လို့တောင် ပြောလို့ရတယ် . . .)
“ရှုံးသွားပြီ . . . လုံးဝကို ရှုံးသွားခဲ့ပြီ . . .”
မိုဖေ့ယန်မှ မချိပြုံးပြုံးရင်း ပြောလိုက်၏။
“ဒီနှစ်တွေက တကယ့်ကို မလွယ်ကူတာပါလား ပြီးတော့ ခက်ခဲတဲ့ နှစ်တွေပါလား . . .”
“ဧကရာဇ်ရဲ . . . စိုးရိမ်နေစရာ မလိုပါဘူး၊ မိုဖေ့ယန်က စကားက အတည်ပါပဲ၊ ကျုပ်က ကတိကို အသက် ထက်ပိုပြီးတန်ဖိုးထားပါတယ် . . .”
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“ကျုပ်ဘက်ကလည်း ညီနောင် ၉ ယောက်ကို သေခြင်းနဲ့ရှင်ခြင်းခန်းမထဲ ဖိတ်ခေါ်ချင်နေတာပါ . . .”
ရဲရှောင်မှ နှစ်လိုဖွယ်အပြုံးဖြင့် မိုဖေ့ယန်အားကြည့်ကာ ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now