အခန်း (၁၈၈၁)(စာစဉ် ၁၅၀- အပိုင်း ၅)
“ကျွန်မအကုန်ဖြေရှင်းပေးမယ်”
“ယွဲ့အာ . . .”
ရဲရှောင်မှ စုယဲ့ယွဲ့အား လှမ်းခေါ်လိုက်ရင်း အရင်အချိန်များကို ပြန်လည် သတိရမိသွား၏။
သူတို့နှစ်ဦး စတင်သိကျွမ်းသည့်အချိန်မှစ၍ ခွဲခွာခဲ့ရသည့်အချိန်အထိ ပြဇာတ်တစ်ခုပမာ တစ်ခုချင်း ပြန်၍ မြင်ယောင်သွားမိခြင်းဖြစ်သည်။
“ရှောင်ရှောင် . . .”
စုယဲ့ယွဲ့မှ တုန်ယင်လှိုက်ဖိုနေသော အသံလေးဖြင့် ပြန်၍ ခေါ်လိုက်၏။
ရဲရှောင်အဖို့လည်း သူမထံမှ ထိုသို့သော ခေါ်သံမျိုး မကြားရသည်မှာ အတော်လေးပင် ကြာညောင်းနေချေ ပြီ။ ထို့ကြောင့် ရုတ်တရက် သူ၏စိတ်တစ်ခုလုံး လှုပ်ရှားသွားမိ၏။
ထိုအချိန် စုယဲ့ယွဲ့မှာ ပြေးလာရင်း သူ၏ရင်ခွင်အတွင်းသို့ ကလေးငယ်တစ်ဦးပမာ တိုးဝှေ့ဝင်ရောက်လာ သည်။ စုယဲ့ယွဲ့အဖို့ ထိုအခိုက်အတန့်တွင် ရဲရှောင်၏ နွေးထွေးသော ရင်ငွေ့ကို ပြန်လည်ခံစားလိုက်ရပြီး သူမ ရင်းနှီး ကျွမ်းဝင်နေသော ကိုယ်သင်းရနံ့တစ်ခုကိုလည်း ရလိုက်ရသည်။
ထို့ကြောင့် သူမ၏ နှလုံးသားတစ်ခုလုံး ထိန်းချုပ်မရနိုင်အောင်ပင် ခုန်သွားပြီး မျက်ရည်များမှာလည်း ဖြေမဆည်နိုင်အောင်ပင် ကျဆင်းကုန်၏။
စုယဲ့ယွဲ့အနေဖြင့် ဘဝတစ်လျှောက်လုံး ရင်းရင်းနှီးနှီးနေခဲ့ဖူးသည့် သူစိမ်းယောက်ျားသားဆို၍ ရဲရှောင်သာ ရှိခဲ့ဖူးသည် မဟုတ်ပါလား။
ရွှမ်ပိုင်မှာလည်း ရဲရှောင်အား တွေ့သည်နှင့် ပြေး၍ ဖက်ချင်မိသော်လည်း စုယဲ့ယွဲ့၏ အပြုအမူကြောင့် သက်ပြင်းရှည်ကြီးသာ ချလိုက်၏။ ထို့နောက် ကျွင့်ယင်းလျန်ဘက်သို့ လှည့်ရင်း ပြုံးလိုက်ကာ -
“လျန်လျန် . . . နောက်ဆုံးတော့ ရောက်လာပြီပေါ့ . . .”
ကျွင့်ယင်းလျန်မှာမူ ရဲရှောင် စုယဲ့ယွဲ့အား ဖက်ထားသည်ကိုကြည့်ရင်း ခံစားချက်မျိုးစုံ ရောထွေးနေသော မျက်လုံးများဖြင့်သာ ရှိနေသည်။
ထို့နောက် သူမလည်း ရွှမ်ပိုင်ကဲ့သို့ သက်ပြင်းချလိုက်ရင်း -
“ရှင်က အစောကြီးကတည်းက ရောက်နေတာပေါ့ . . .”
ထိုသို့ပြောပြီးနောက် နှစ်ဦးသားမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြလေသည်။
ထိုအခိုက်အတန့်တွင် သူမတို့ရင်ထဲရှိ အလိုမကျမှုများလည်း ကင်းစင်ပပျောက်သွား၏။ ကောင်းကင်ဘုံ အထက် လူသားနယ်ပယ်သို့ ရောက်ရှိလာကြပြီး နောက်ဆုံးတွင် သူမတို့အားလုံး ပြန်လည်ဆုံစည်းနိုင်ကြပြီ မဟုတ် ပါလား။
ထို့ကြောင့် ယခုကဲ့သို့သော အချိန်မျိုးတွင် တစ်ယောက်နှင့်တစ်ယောက် မနာလိုဖြစ်နေသည်မှာ မသင့်တော် လှချေ။ အပြောကျယ်လှသော ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင် ယခုကဲ့သို့ မသေမပျောက် အားလုံး ပြန်ဆုံတွေ့နိုင်ခြင်းကပင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုဟု ဆိုနိုင်၏။
ယခုကဲ့သို့သော အခြေအနေတွင် သေးငယ်လှသော မနာလိုမှုကို ဆုပ်ကိုင်ထားပြီး ကြီးကျယ်လှသော ဆုလာဒ်ကို အဘယ့်အတွက်ကြောင့် ဖျက်ဆီးပစ်ရပါမည်နည်း။
လက်ရှိအချိန်တွင် ပြန်လည်ဆုံတွေ့ခြင်းဆိုသည့် မြင်ကွင်းမှာ လူတိုင်းအတွက် လှပနေပါတော့သည်။
. . .
သိုင်းလောကကြီးတစ်ခုလုံး ရှုပ်ထွေးလှသော အခြေအနေများဖြင့် ယောက်ယက်ခတ်လျက်ရှိနေ၏။
ထိုအချိန် သဘာဝတရားခန်းမနှင့် ရဲမျိုးနွယ်စုတို့မှာလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိနေကြသည်။ သို့သော် ရဲမျိုးနွယ်စုအဖို့ ခက်ခဲသော အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်။
သဘာဝတရားခန်းမ ဆုတ်ခွာသွားသည့်အချိန် ညီနောင်မဟာမိတ်အဖွဲ့နှင့် ထပ်မံရင်ဆိုင်ရသည် မဟုတ်ပါ လား။ မသိပါက ရဲမျိုးနွယ်စုအဖို့ သိုင်းလောကတစ်ခုလုံးနှင့် ရင်ဆိုင်နေရသလိုပါပင်။
သဘာဝတရားခန်းမ ဆုတ်ခွာသွားသည့်အချိန် ရဲမျိုးနွယ်စုကို တိုက်ခိုက်ရန်လာသော ညီနောင်မဟာမိတ် အဖွဲ့မှ လူများနှင့် လမ်းခုလတ်တွင် ဆုံတွေ့ခဲ့ကြ၏။ ထိုအခိုက်အတန့်တွင် သဘာဝတရားခန်းမမှ လူများမှာ ၎င်းတို့ အား ကြည့်နေသော ညီနောင်မဟာမိတ်အဖွဲ့အား မကျေမချမ်းဖြင့် -
“မင်းတို့က ဘာကြည့်တာလဲ . . .”
ညီနောင်မဟာမိတ်အဖွဲ့မှာလည်း အထိမခံ၊ အေးစက်စက် အသံဖြင့် -
“မင်းတို့ကိုကြည့်တာ ဘာဖြစ်လို့လဲ . . .”
ထိုသို့ဖြင့် ကြည့်ခြင်းမှ အစပြု၍ နှစ်ဖွဲ့လုံးမှာ ထိုနေရာတွင်ပင် တိုက်ခိုက်ကြတော့သည်။
နှစ်ဖက်လုံးလည်း အထိနာသွားသည်ဟု ဆိုနိုင်၏။ ထို့ကြောင့် အဖွဲ့နှစ်ဖွဲ့မှာ မည်သို့မှ မတတ်သာတော့ဘဲ သက်ဆိုင်ရာ အကူအညီများကို တောင်းခံလိုက်ကြရသည်။
မမျှော်လင့်သော အနေအထားမှ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်သွား၍ ထောင်သောင်းချီသော လူများလည်း ပါဝင်လာခဲ့ကြလေသည်။
ထိုအချိန် ရဲရှောင်နှင့် ကျွင့်ယင်းလျန်တို့မှာမူ ပွဲကြည့်ပရိတ်သတ်အဖြစ်သာ ရှိနေခဲ့ကြ၏။ နဂိုက ညီနောင် မဟာမိတ်အဖွဲ့ကို အကူအညီပေးချင်ခဲ့သော်လည်း စဉ်းစားဆုံးဖြတ်ပြီးနောက် ပွဲကြည့်ပရိတ်သတ်အဖြစ်သာ ရှိနေခဲ့ ကြခြင်းဖြစ်သည်။
ကျွင့်ယင်းလျန်စိတ်ထဲ တိုက်ပွဲများကိုကြည့်ရင်း ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က အန္တရာယ် အလွန်များသည့် နေရာတစ်ခုပင်ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထိုသို့သော အခြေအနေမျိုးတွင် အသက်ရှင်ရန်ပင် ခက်ခဲလှပြီး စကားတစ်ခွန်းပင် ရဲရဲမပြောဝံ့ကြချေ။
အချိန်မရွေး၊ နေရာမရွေး နောက်ကျောဓားမှ ထိုးခံနိုင်ရသကဲ့သို့ မျက်နှာချင်းဆိုင် အန္တရာယ်များမှာလည်း များပြားလှသည် မဟုတ်ပါလား။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ် ကမ္ဘာကြီးပါပင်။
ထို့ကြောင့် အသက်တစ်ချောင်း အလွယ်တကူ နှုတ်ယူခံရနိုင်သည့် ကမ္ဘာကြီးတွင် အစစအရာ သတိထားနိုင် ကာမှ တော်ကာကျနေပါတော့သည်။
. . .
ရဲရှောင်နှင့် စုယဲ့ယွဲ့တို့ကိုကြည့်ရင်း ကျွင့်ယင်းလျန်စိတ်ထဲ သဝန်တိုမှုများ မရှိတော့၊ ထိုအစား သူမစိတ်ထဲ သနားကရုဏာပင် သက်မိနေသေး၏။
သူမကိုယ်တိုင်လည်း နှင်းတောကြီးအတွင်း ရဲရှောင်ကို တွေ့ခဲ့ရစဉ် ထိုကဲ့သို့သော ခံစားမှုမျိုး ခံစားခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် စုယဲ့ယွဲ့ ရင်ထဲရှိ ခံစားမှုများကို သူမ ကောင်းစွာ သိနေ၏။
စုယဲ့ယွဲ့မှာမူ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသော ရဲရှောင်အား ပြန်လည် မြင်တွေ့လိုက်ရသည့်အချိန် ဝမ်းသာ၊ ဝမ်းနည်းစိတ်ဖြင့် မျက်ရည်များ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရသည်။ ထိုမျက်ရည်များမှာ အတောမသတ်နိုင်လွန်း၍ ရေပင်ရေတွက်နိုင်လိမ့်မည် မဟုတ်ပါ။
မသိပါက သူမရင်ထဲရှိ ခံစားချက် အကုန်အစင်ကို မျက်ရည်များနှင့်အတူ ဖွင့်ထုတ်နေသလိုပါပင်။
စုယဲ့ယွဲ့လည်း အားရအောင်ငိုပြီးနောက် သူမ၏အဖြစ်ကို သတိပြုမိသွား၍ ရှက်ကိုးရှက်ကန်း ဖြစ်မိသွား၏။ ထို့နောက် အရှက်ပြေသဘောမျိုးဖြင့် ကျွင့်ယင်းလျန်၏ လက်ကို ဆွဲကာ -
“အစ်မကြီးပါ ပါလာတာပဲ . . . လာပါ . . . အထဲဝင်ပါဦး . . .”
ထိုသို့ပြောပြီးနောက် စုယဲ့ယွဲ့လည်း ကျွင့်ယင်းလျန်၏ လက်ကိုဆွဲကိုင်ကာ အထဲသို့ ဝင်သွားလေသည်။
စုယဲ့ယွဲ့အဖို့ ရဲရှောင်ကို စောင့်မျှော်နေရင်းဖြင့် သေခြင်းနှင့်ရှင်ခြင်းခန်းမအတွင်းတွင် ကျင့်ကြံမှုများပြုလုပ်ခဲ့ ၍ သူမ၏အဆင့်မှာ များစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင် မသေမျိုးအဆင့်သုံးသို့ ရောက်ရှိနေခြင်း ပါပင်။
ထို့ကြောင့် သူမ ကျွင့်ယင်းလျန်၏ လက်ကိုဆွဲလိုက်ချိန် စိတ်ခံစားချက်များ မထိန်းချုပ်နိုင်လိုက်၍ စွမ်းအင် စီးဆင်းမှုမှာ အထိန်းအကွပ်မဲ့သလို ဖြစ်သွားခဲ့ရသည်။
အကယ်၍ ကျွင့်ယင်းလျန်၏နေရာတွင် အခြားသာမန်လူတစ်ယောက်သာဆိုပါက သူမ ဆွဲလိုက်သော အား ကြောင့် တစစီပင် ဖြစ်သွားနိုင်ပေသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့်ပင် အမျိုးသမီးနှစ်ဦး မည်မျှအစွမ်းထက် ကြောင်း သိသာလှ၏။
ထိုအချိန် ဘေးရှိ လူများမှာမူ ပြုံးစိစိ ဖြစ်နေကြသည်။ စုယဲ့ယွဲ့တစ်ယောက် ရှက်ကိုးရှက်ကန်း အမူအယာ များကို ပြုလုပ်နေသည် မဟုတ်ပါလား။
ကျွင့်ယင်းလျန်လည်း ရယ်မောလိုက်ရင်း စုယဲ့ယွဲ့၏ ခေါ်ဆောင်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမစိတ်ထဲ ကလေးဆန်ကာ ချစ်စဖွယ်ကောင်းလှသော စုယဲ့ယွဲ့အား အလွန်အမင်း သဘောကျမိသွား၏။
(ဒီကောင်မလေးက တကယ့်ကို ဖြူစင်တဲ့ မိန်းကလေးငယ်လေးပဲ . . .)
(ငါတောင် သူ့အပေါ်မှာ ဒီလောက် သနားနေမိတာ တခြားလူတွေဆိုရင် ပြောမနေနဲ့တော့ . . .)
ကျွင့်ယင်းလျန်အား အထဲသို့ ခေါ်ဆောင်သွားပြီးနောက်တွင်မူ စုယဲ့ယွဲ့ကို မည်သူမှ မတွေ့ရတော့ချေ။
“ကောင်မလေး ဘယ်ရောက်သွားတာလဲ . . .”
ရဲရှောင်မှ မေးလိုက်၏။
“ကျွန်မ ထင်တာတော့ သူတော်တော်ရှက်သွားပုံရတယ်၊ အဲဒါကြောင့် တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်မှာ ပေါ့၊ ကောင်မလေးက ကလေးလို ဖြစ်နေတာကိုး . . .”
ကျွင့်ယင်းလျန်မှ ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ရှောင်ရှောင် . . . ရှင့်ရဲ့ သတို့သမီးလေးက တကယ့်ကို မိန်းကလေးငယ်လေးပါလား၊ တကယ့်ကို ကလေး ဆန်ဆန်လေးနော်၊ သူ့ရဲ့စိတ်ထားလေးကလည်း အရိုးခံလေးပဲထင်တယ် . . .”
“ရှင့်ရဲ့ အိပ်ရာထဲက စွမ်းဆောင်မှုက ကျွမ်းကျင်လို့သာ တော်တော့တယ် ဒီလိုမှမဟုတ်ရင် ရှင်တို့ ၂ ယောက် တကယ်မလွယ်ဘူးပဲ . . .”
ကျွင့်ယင်းလျန်၏ စကားကြောင့် ရဲရှောင် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။
“လျန်လျန် . . . အပိုတွေပြောမနေစမ်းနဲ့ . . . မင်းထပ်သိချင်သေးရင် လက်တွေ့ပြလိုက်ရမလား . . .”
“ဘယ်လိုလဲ . . . မင်းစမ်းချင်သေးလား . . . လာလေ . . . အချိန်မရွေးပဲ . . .”
“ဟွန်း . . . ရှင်ကတော့ ပြောကိုမပြောချင်ဘူး၊ အမြဲတမ်း ဆာလောင်နေတဲ့ သားရဲလိုကိုဖြစ်နေတာ . . .”
ကျွင့်ယင်းလျန်မှ မျက်စောင်းလှလှလေးထိုးရင်း ပြောလိုက်၏။
ထိုအချိန် စုယဲ့ယွဲ့မှာ သူမကိုယ်သူမ ပြန်လည်ပြင်ဆင်ပြီးနောက် အပြင်သို့ ထွက်လာလေသည်။ ထို့နောက် ရဲရှောင်ဘေးတွင် ဝင်ထိုင်လိုက်ရင်း -
“ရှောင်ရှောင် . . . အခု ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တာ မှန်သမျှသာ အကုန်ပြောလိုက် . . .”
“ကျွန်မက ရှင့်ကို ကူညီဖို့ရောက်လာတာ၊ ရှင့်အတွက်ဆိုရင် ကျွန်မ အကုန်လုံးကို မရရအောင် ဖြေရှင်းပေး မယ်၊ ရှင်လိုချင်တာသာ ပြောလိုက်ပါ . . .”
စုယဲ့ယွဲ့၏ အဆီအငေါ မတည့်လှသည့် စကားကြောင့် ကျွင့်ယင်းလျန်၊ ရွှမ်ပိုင်နှင့် အမွှာညီအစ်မနှစ်ဦးတို့မှာ သောက်လက်စ ရေနွေးများပင် သီးသွားကြပါတော့သည်။
YOU ARE READING