အသံပေါ်ထွက်လာ၏။
အတန်းထဲရှိဆရာ၏ခေါင်းမှာ ချက်ချင်းလှည့်လာကာ သူတို့ထဲမှစကားပြောလိုက်သည့်လူဝကြီးကိုကြည့်လိုက်၏။
သူမ၏အမူအရာမှာ မည်းမှောင်နေပြီး မျက်လုံးသေကြီးနှင့်ရှိနေသည်။ အတန်းထဲရှိအလင်းရောင်မှာ မှိန်ဖျော့ဖျော့နှင့်ရှိနေပြီး သူမမျက်နှာမှာ ရှင်းမပြနိုင်အောင် ကြောက်စရာကောင်းနေသည်။
လူဝကြီးမှာ ပါးစပ်ချက်ချင်းပိတ်လိုက်ပြီး နောက်သို့ ခြေ ၂ လှမ်းဆုတ်လိုက်မိသည်။
ငါပြောတာ တစ်ခုခုမှားသွားလို့လား?............
“အစာစားချိန်၊ အိပ်ချိန်၊ စာဖတ်ချိန်နဲ့ တီဗီကြည့်ချိန်တွေမှာ စကားမပြောရဘူး”
အပေါ်ထပ်လှေကားမှဆင်းလာသည့်ကျန်းမင်က လူဝကြီးကိုကြည့်လိုက်ပြီး မှင်သေသေဖြင့်ပြောလိုက်သည်။ ထို့နောက်သူမက အကြည့်ကိုပြန်ရုတ်လိုက်ကာ လူတိုင်းကို အုပ်ချုပ်ရေးအဆောင်ဆီသို့ ပြန်ခေါ်သွားလိုက်သည်။
“မနက်ဖြန်ကစပြီး လူတိုင်း အလုပ်ကို မနက် ၈ နာရီမှာ စဆင်းရမယ်……………ညနေ ၅ နာရီမှာ အလုပ်ပြီးမယ်…………….
နောက်ထပ်ပြီး နင်တို့ရဲ့အခန်းကို ည ၉ ခွဲမတိုင်ခင်မှာ ပြန်ရောက်ဖို့လိုတယ်…………
ဂျုတီမရှိတဲ့ဆရာတွေအနေနဲ့ စိတ်ရှိတိုင်းအပြင်ထွက်သွားလို့မရဘူး……………..
နင်တို့သာထွက်ခဲ့ရင် အကျိုးဆက်က ကိုယ့်တာဝန်ကိုယ်ယူပဲ…………အခုနောက်ကျနေပြီ……………..လူတိုင်းအိပ်ရာဆီစောစောပြန်သင့်တယ်”
သူမပြောပြီးနောက် ထွက်ခွာသွားသည်။
ကော်ရစ်ဒါအပြင်ဖက်ရှိစုနေကြသည့်ကစားသမားများမှာ သူတို့အခန်းဆီသို့ ချက်ချင်းမပြန်ကြသေးပေ။
“ချီး………………ခုနက ဆရာရဲ့မျက်လုံးတွေကြောင့် ငါထိတ်လန့်သွားသေးတယ်”
ယခုနက လူဝကြီးမှာ မျက်နှာပျက်ခဲ့ရသဖြင့် မထိန်းချုပ်နိုင်ဖြစ်နေသည်။
“ဒီတစ်လှည့်မှာ ဆရာတွေနဲ့ပတ်သတ်ပြီးတော့ တစ်ခုခုမှားနေတယ်မထင်ဘူးလား?”