အိုး…………ရေး……….
တောင်ထဲတွင် ကျားမရှိတော့ပဲ မျောက်များသာ ကျန်တော့လေသည်။
ည ၁၀ နာရီ………..
ပထမထပ်ရှိဟောခန်းမမှာ လင်းထိန်နေဆဲပင်။အစ်ကိုတာ့ချမ်းမှာ ရန်ဆန်းပေါ်နှင့် ထပ်ခါထပ်ခါ အတည်ပြုနေရသည်။ ယနေ့ဖြစ်ရပ်သာ ပေါ်ပေါက်သွားပါက သူ့မှာလုံးဝပင် ထွက်သွားရပေလိမ့်မည်။
တစ်ယောက်မှာ အနီရောင်ဝိုင်ခွက်ကို လက်တစ်ဖက်ဖြင့်လှုပ်ကိုင်ကာ အခြားတစ်ဖက်တွင်မိုက်ခရိုဖုန်းကိုကိုင်ထားရင်း ‘မင်းသမီး’ ဟူသည်သီချင်းကိုသီဆိုနေသည်။ အက်တက်တက်အသံမှာ အဆိုတော်ရှောင်၏အသံနှင့် ဝေးကွာနေသေးသည်။
ရှုထျန်းက ကောင်းကောင်းဆိုနေပေမယ့် မိုက်မရသင့်ဘူး…………
ဖူအန်မှာ ညှဉ်းဆဲခံနေရသည့်နားကိုပွတ်လိုက်ပြီး ခုံကိုရွေ့လိုက်ကာ အပြင်ဖက်တွင်ထိုင်ရင်း သိုးတစ်ကောင်လုံးကို ကင်နေသည့် မာစတာကျန်းကို ကြည့်နေလိုက်၏။
ဒီနေ့အခွင့်အရေးကြောင့်သာမဟုတ်ဘူးဆိုရင် မာစတာကျန်းမှာ ဒီလိုလျှို့ဝှက်စကေးရှိတယ်ဆိုတာ ငါသိမှာမဟုတ်ဘူး………..
သိုးကောင်လုံးကင်က အကောင်းဆုံးတွေထဲက အကောင်းဆုံးကိုပဲရွေးထားတာ………
ပြီးတော့ ကင်တဲ့အချိန်မှာနဲ့စားတဲ့အချိန်မှာ သူ့ရဲ့လျှို့ဝှက်အစပ်ဆော့စ်ကိုလည်း ထည့်ထားသေးတယ်……..မီးလောင်ပြီး တူးမနေဘူး……….အပြင်ဖက်မှာ ခြောက်ကပ်ကပ်လေးနဲ့ ရနံ့လေးက သင်းနေတာပဲ………အထဲမှာ အရည်ရွှမ်နေတယ်………..
မည်သို့ပင်ဆိုစေ ဖူအန်မှာ ထိုင်လိုက်သည့်တစ်ခဏမှာပင် နေရာမှမလှုပ်တော့ပဲ သိုးခြေထောက်တစ်ချောင်းလုံးမှာ သူမပါးစပ်ထဲသို့ဝင်ရောက်သွားလေသည်။
ထွက်မသွားခင်မှာပင် ကျန်နေသေးသည့်နောက်တစ်ဝက်ကိုကြည့်လိုက်ပြီး……..
“မာစတာ………….ကျန်တာကို ကျွန်မသိမ်းထားလို့ရမလား?”
စားဖိုမှုးတစ်ယောက်၏အကြီးမားဆုံးအပျော်မှာ ဟင်းလျာများက မည်မျှအရသာရှိကြောင်းမဟုတ်ပေ။ စားသုံးသူများက မည်မျှကြိုက်လှကြောင်း ပြောကြားလာခြင်းပင်။