အခန်း (၃၇၅) အိမ်ဂျယ်မူလတန်းကျောင်း (၁၁)

144 25 0
                                    


ကျိုးဖန့်မှာ သေဆုံးသွားလေပြီ။
သင်ကြားရေးအဆောက်အဦအပြင်ဖက်တွင်ရှိသောအိမ်သာခန်းထဲတွင်ပင်။

သူမ၏မျက်လုံးများနှင့်လျှာမှာ ဆွဲထုတ်ခံထားရသည်။ သူမသေဆုံးသည့်အချိန်တွင် ကစားသမားအချို့မှာ မဝေးလှပေ။

ဤအိမ်သာတံခါးမှာလည်း အသံလုံသည်မဟုတ်ပေ။ အထဲမှအသံတစ်ခုခုထွက်လာသည်နှင့် အပြင်ဖက်မှ သေသေချာချာကြားရမည်ဖြစ်လေသည်။ သို့သော်လည်း ကျိုးဖန့်မှာ မျက်လုံးဖောက်ထုတ်၍ လျှာဆွဲထုတ်ခံရကာ သေဆုံးသွားခဲ့ရသော်လည်း သူတို့ဘာသံကိုမျှ မကြားမိလိုက်ကြပေ။

ဘယ်လိုမွန်းစတားမျိုးက သူ့ကိုတိတ်တဆိတ်သတ်ခဲ့တာလဲ………………….

အဲ့ဒီနေရာမှာရှိနေခဲ့တာက ကလေးတွေလား၊ ဆရာတွေလား?..............

သူတို့သည် လင်းထိန်နေသည့်စာသင်ခန်းထဲသို့ ကြည့်လိုက်မိကြသည်။

ယခုအချိန်တွင် ကလေးများမှာ ညစာစားပြီး၍ ကာတွန်ကားကို အာရုံစူးစိုက်၍ကြည့်နေကြသည်။ စိတ်ဝင်စားစရာကောင်းသည့်အခန်းသို့ရောက်လာသည်နှင့် စာသင်ခန်းတစ်ခန်းလုံးမှာ ရယ်မောသံများထွက်ပေါ်လာ၏။

ဆရာအားလုံးနှင့် ကလေးများမှာ စာသင်ခန်းထဲ၌ ရှိနေသည်။
လူတိုင်းမှာ အကြည့်များကိုပြန်ရုတ်လိုက်ကြ၏။ တစ်ယောက်က အကြံပြုလိုက်၏။

“ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ချင်ကြလား?”

“ရတယ်”

မာယီခေါင်းညိတ်လိုက်သည်။

သူတို့သည် ကျိုးဖန့်၏အဝတ်အစားများကို ဖယ်ရှားလိုက်ကြသည်။ အလောင်းမှာ တောင့်တင်းမနေပဲ နွေးနေတုန်းပင်။

ဂရုတစိုက်သေသေချာချာကြည့်ရှုပြီးနောက် ကျိုးဖန့်၏ခန္ဓာကိုယ်ပေါ်တွင် အခြားမည်သည့်ဒဏ်ရာမျှ ရှိမနေပေ။

အုပ်ချုပ်ရေးအဆောင်မှဆင်းလာသည့်ဖူအန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
သူမကိုမြင်သောအခါ ကျန်းယွမ်ယွမ်မှာ အလျှင်အမြန်သူမအား လာဆွဲလိုက်ကာ……….

“အန်အန်…………….နင်ဘယ်တွေ လျှောက်သွားနေတာလဲ……………….ငါနင့်အတွက် စိတ်ပူလိုက်ရတာ”

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now