ဖူအန်မှာ ခက်ခက်ခဲခဲကြည့်နေရပြီး အနက်အရိပ်တစ်ခုထွက်သွားသည်ကိုသာ မြင်နိုင်ခဲ့ကာ ဟဲယုသူမမျက်လုံးအောက်မှထွက်ပြေးသွားသည်ကိုသာ ခွင့်ပြုခဲ့ရသည်။
ယခုအချိန်တွင် သူမမှာ ခေါင်းကိုက်ခြင်း၊ မျက်လုံးနာကျင်ခြင်းနှင့် ပုခုံးနာကျင်ခြင်းတို့ကို ခံစားနေရသည်။
ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲနေတာပဲ…………
ခက်ခက်ခဲခဲဖြင့် မြေကြီးပေါ်သို့ထိုင်ချလိုက်ပြီး ခံစားချက်ဖြင့်စုဆန်ရှိမည့်ဖက်သို့ ရွေ့လိုက်၏။
“အစ်ကိုတာ့ချမ်း…………….ပြဿနာတော့ပြီးသွားပြီ………….ခုနက ကျွန်မအရမ်းစွမ်းအားကြီးတယ်မလား…………..
ဘယ်လိုလဲ…………..အစ်ကို့ကို ပျံသန်းဖို့အတွက် ခေါ်သွားနိုင်မယ့် ညီမလေးရှိပါသေးတယ်”
ဖူအန်မှာ သူမ၏မျက်လုံး၊ နှာခေါင်း၊ နားနှင့်တစ်ကိုယ်လုံးတွင် ဖုန်များကပ်နေပြီး ဒဏ်ရာသည်လည်း ဖုန်များအလိမ်လိမ်ပေကျံနေသည်ကို မသိပေ။
သူမသည်လည်း အစ်ကိုတာ့ချမ်းနှင့်စာလျှင် ဘာမှမကွာပေ။
စုဆန်က သူမအားကြည့်လိုက်၏။ ယောကျ်ားကြီး၏အသံမှာ ခြောက်ကပ်ပြီး ပြာတာတာဖြစ်နေကာ ငိုတော့မည့်အသံကဲ့သို့ဖြစ်နေသည်။“အင်း…….အင်း……..ညီမလေးကအကောင်းဆုံးပဲ”
ဤတစ်ကြိမ်တွင် ဖူအန်သည် ကောင်းကောင်းမမြင်ရရုံမဟုတ်ပဲ နားများသည်လည်း အူကာနာကျင်နေ၏။ စုဆန်ပြောသည်ကို သူမမကြားရပေ။ အချိန်အနည်းငယ်စောင့်ဆိုင်းပြီးနောက် စုဆန်မှာ တောင်ပို့တွင်မှီရင်း သတိမေ့သွားပြီဟု သူမတွေးမိလိုက်၏။
တောင်ပို့၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မှုန်ဝါးနေသည့်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ သူမကိုယ်သူမပြောလိုက်၏။
“ပါးပါးဖုရဲ့ လှုပ်ရှားမှုကလည်း နှေးလိုက်တာ…………….သူသာမလာနိုင်ရင် ငါတို့ဖာသာပဲ ပြန်ရမယ်နဲ့တူတယ်”
“အိုး…………..လှုပ်ရှားမှုရပ်လိုက်တာနဲ့ အေးလာပြီ………..အစ်ကိုတာ့ချမ်း…………အနွေးထည်တစ်ထည်ယူမလား?”
![](https://img.wattpad.com/cover/385728015-288-k836306.jpg)