အခန်း (၃၄၉) လုံးဝသုည (၃၂)

148 30 1
                                    


လူတိုင်းက ရင်းနှီးနေပြီးသားပဲကို ဘာပုံရိပ်ထိန်းသိမ်းနေရမှာလဲ……………

ဖူအန်က ထိုသို့ပြောရန်ပြင်လိုက်စဉ်မှာပင် အပြင်ဖက်မှ ဆူဆူညံညံအသံများထွက်ပေါ်လာ၏။

ထိုအသံကိုကြားသောအခါ အိမ်တိုင်းမှာ ပြေးထွက်လာကြသည်။
ထိုအခိုက်တွင်ပင် အပြင်ဖက်ဧရိယာတွင်…………..

မြေကွက်လပ်၏အနောက်မြောက်ဖက်တွင် များပြားလှသည့်လူတစ်စု စုစည်းနေကြသည်။
ပျှမ်းမျှအားဖြင့် လူ ၆၀၊ ၇၀ ခန့်ရှိပြီး သူတို့အားလုံးမှာ လူငယ်များပင်။ ထို့အပြင်အများစုမှာ ယောကျ်ားများဖြစ်သည်။

ဖူအန်သည်အပေါ်ထပ်တွင်ရပ်၍ သူတို့အားကြည့်လိုက်သည်။
ထိုလူများထဲမှ လူအချို့မှာ ကုတ်အင်္ကျီများ ဝတ်ထားကြ၏။ အများစုမှာ မည်သည့်နေရာမှရလာသည်မသိနိုင်သည့် အနွေးထည်များ၊ စောင်များပတ်ထားကြသည်။

မည်သို့ပင်ဆိုစေ သူတို့အားလုံးတွင် အဝတ်များကိုယ်စီနှင့်ပင်။ အတားအဆီးများထဲရှိလူများကိုကြည့်၍ သူတို့၏မျက်လုံးများမှာ ဝံပုလွေများသဖွယ်အစိမ်းရောင်တောက်ပသွားကြသည်။

ရင်ဆိုင်ရလွယ်မှာတော့မဟုတ်ဘူး………….

သူတို့ကို ပထမဆုံးတစ်ကြိမ်ကြည့်လိုက်ရုံနှင့်ပင် ဖူအန်မှာ ဤသို့ခံစားလိုက်ရသည်။

ဆိုရိုးစကားရှိသလိုပင်……….
ဝတ်စရာဖိနပ်ရှိသောလူများသည် ခြေဗလာနှင့်လူကိုကြောက်ကြသည်……………..ခြေဗလာနှင့်လူများသည် သေခြင်းကိုကြောက်ကြသည်ဟူ၍ပင်။

ယခင်က ဂမ်းစတားများ၊ လုယက်သူများနှင့်စာလျှင် ယခုတစ်ခေါက်သည် ကြမ်းတမ်းသည့်တိုက်ပွဲဖြစ်ပေလိမ့်မည်။
……………………………………………….

ထူထပ်သည့်နှင်းများမှာ ပို၍ပင်ကျဆင်းလာနေသည်။
မကြာမှီပင် မြေကြီးတွင် ပါးလွှာသည့်နှင်းတစ်ထပ်အုပ်မိသွားသည်။

အပူချိန်မှာ အလွန်ပင်အေးလှသည့်အတွက် အပြင်ဖက်တွင်ခဏရပ်ရုံဖြင့်ပင် မျက်ခုံးပေါ်တွင် ရေခဲလွှာလေးများ ဖြစ်ပေါ်လာနိုင်သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now