ထိုသို့ပြောပြီးနောက် သူကထရပ်လိုက်ကာ စာအုပ်စင်ပေါ်မှ အနောက်တိုင်းအတွေးအခေါ်ရာဇဝင်စာအုပ်တစ်အုပ်ကို ယူလိုက်၏။
၅ စင်တီမီတာအထူရှိပြီး အေဖိုး စာရွက်ဆိုဒ်ပင်။
ထိုစာအုပ်ကို စားပွဲပေါ်သို့ပစ်ချလိုက်ရာ ပြင်းထန်လှသည့်အသံတစ်သံပင် ထွက်ပေါ်လာ၏။
ဖူအန်မှာ ထိုစာအုပ်အား တိတ်ဆိတ်စွာဖြင့် ကြည့်မိသွားသည်။
သေချာသွားပြီ…………………….ငါသာ ဗီလာမှာ ပါဝါပြမိရင် ပြဿနာရှာမိသလိုပဲ…………..
ထားလိုက်ပါတော့ ငါ့ဟာငါပဲရွေးတော့မယ်……….
ဖူအန်မှာ စာအုပ်စင်ဆီသို့ ကိုယ်တိုင်ပင်ထသွားလိုက်ပြီး အချိန်အတော်ကြာအောင် ရွေးနေကာ နောက်ဆုံးတွင် ပါးလျှပ်သည့်စာအုပ်လေးတစ်အုပ်ကို တွေ့လိုက်၏။
နေရာလွတ်စွမ်းရည်မှာ ဂိမ်းထဲတွင်သာ အမြင့်ဆုံးအဆင့်ကိုသုံးနိုင်ခြင်းဖြစ်ပြီး လက်တွေ့လောကတွင်မူ အတော်စွမ်းအားလျော့ကျသွားသည်။
အင်း…………
ဒီဆိုဒ်က ငါ့စွမ်းအားနဲ့ပိုကိုက်လောက်မယ်………ဖူအန်သည် စာအုပ်ကိုစားပွဲပေါ်တွင်တင်လိုက်ပြီး စိတ်ဖြင့်ထိန်းချုပ်နိုင်ရန် စူးစိုက်၍ကြည့်လိုက်၏။
စားပွဲပေါ်ရှိစာအုပ်လေးမှာ လှုပ်ရှားလာသည်။ထိုသို့လှုပ်ရှားပုံမှာ ငယ်ရွယ်စဉ်အခါက သံလိုက်တုံးများဖြင့် ဆော့ကစားနေသည့်အတိုင်းပင်။
သံလိုက်တုံးတစ်တုံးကို ခုံပေါ်တွင်တင်ပြီး နောက်တစ်တုံးကို ခုံအောက်မှလက်ဖြင့်ကိုင်ကာ ဆော့ကစားခြင်းပင်။
အောက်မှလက်ရွေ့သည်နှင့် အပေါ်ဖက်မှသံလိုက်တုံးသည်လည်း ထိုအတိုင်းလိုက်ရွေ့မည်ဖြစ်သည်။ယခုလုပ်ဆောင်နေသည့်သက်ရောက်မှုများမှာ ဂိမ်းထဲတွင်သူမလုပ်ဆာင်ခဲ့သည့်ပုံစံများနှင့် လုံးဝကိုမတူနေပေ။ အနည်းငယ်ပင် ရယ်စရာကောင်းနေသည်။
“ဖူး……….ဝါး………..ဟား……..ဟာ….”
အစ်ကိုတာ့ချမ်းမှ မထိန်းချုပ်နိုင်တော့ပဲ ရယ်ချလိုက်မိသည်။
ကျန်းရှင်းချိန်မှာ လက်ပိုက်ရင်းကြည့်ပြီးနောက် မေးလိုက်၏။