အခန်း (၃၅၁) လုံးဝသုည (၃၄)

164 30 0
                                    


“မင်းက အရမ်းသစ္စာရှိပြီး လုပ်နိုင်စွမ်းရှိပေမယ့် ဖုရီရှီရဲ့လက်အောက်မှာ ဒုတိယနေရာတောင်မရတာ သနားစရာပဲ…………..

ရန်ဆန်းပေါ်နဲ့ ကျန်းရှင်းချိန်တို့က ဖုရီရှီရဲ့ရင်ထဲမှာ မင်းထက်ပိုပြီးနေရာယူထားမှာပေါ့………..ဟုတ်တယ်မလား?................

ရှုထျန်း………………သူကလည်း မင်းထက်ပိုပြီး အရေးပါတဲ့ပုံပဲ……….

အိုး…………..ငါကြားတာ ဖုရီရှီက နောက်ထပ်လူသစ်တစ်ယောက် ထပ်ခေါ်ထားသေးတယ်ဆို?...........
ဒါဆိုရင် နောက်လာတဲ့လူသစ်ကလည်း မင်းထက်ပိုပြီး အရေးပါနေတော့မှာပဲ….”

ဘဝင်ခိုက်နေသည့်အပြုံးဖြင့်ဟဲယုမှာ စုဆန်ကိုသေနတ်ဖြင့်ချိန်ရင်း သူမသေခင် အားရပါးရစော်ကားနေလေသည်။
ထိုသည်များအား စုဆန်က နှာခေါင်းရှုံ့လိုက်၏။

“ငါတစ်ခုခုဖြစ်ရင် မာစတာဖုက ငါ့အတွက် လက်စားချေပေးလိမ့်မယ်…………..မင်းသေရင် လုရှန်းက မင်းအတွက် လက်စားချေပေးမှာတဲ့လား?”

“အိုး…………..မင်းက သေတော့မယ့်အချိန်မှာတောင် ပြောနေတုန်းလား”

ရက်စက်သည့်အပြုံးတစ်ခုက ဟဲယု၏ပါးစပ်တောင့်မှပေါ်လာပြီး လက်ညိုးအားကွေးရန် အားထည့်လိုက်၏။ သေနတ်မောင်းကိုဆွဲရန်ပြင်လိုက်သည့်တစ်ခဏမှာပင်………

အဖြုရောင်လေးလံသည့်အရာဝတ္တုတစ်ခုက ဝုန်းခနဲကျလာပြီး ဟဲယုလက်မှာခါထွက်သွားကာ ပစ္စတိုသည်လည်းလွင့်ထွက်သွားသည်။

“အစ်ကိုတာ့ချမ်း………..ပြေး”

ရုတ်တရက်သေနတ်သံများနှင့်အတူ အသံတစ်သံထွက်ပေါ်လာသည်။

ဖူအန်၏တိကျသည့်ပစ်ချက်များနှင့်အတူ စုဆန်ဘေးတွင်ဝိုင်းရံနေကြသည့်လူများမှာ ချက်ချင်းမြေပေါ်သို့လဲကျသွားကြသည်။

ဒါကအခွင့်အရေးပဲ………….

ထိုသည်ကိုမြင်သောအခါ စုဆန်သည် ဖူအန်ဆီသို့ ပြေးလာ၏။
ထို့နောက် ဖူအန်အားပြေးရန်အော်ဟစ်လိုက်၏။

ဟဲယုမှာ သနားညှာတာတတ်သူတစ်ယောက်မဟုတ်ပေ။
နောက်သို့လှည့်၍ အကာအကွယ်နောက်တွင်ပုန်းလိုက်ရင်း နောက်ရှိညီငယ်တစ်ယောက်ဆီမှသေနတ်တစ်လက်ကို လုလိုက်ကာ စုဆန်၏ခြေသလုံးကိုပစ်လိုက်၏။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now