အခန်း (၃၅၆) လုံးဝသုည (၃၉)

149 25 0
                                    


ပထမထပ်မှာ အပြင်ဖက်ရှိကျနေသည့်နှင်းများကြောင့် နှင်းများ၏အောက်ခြေသို့ရောက်နေပြီဖြစ်သည်။
ဤနေရာသည် ဒုတိယထပ်ထက်ပင် ပို၍မှောင်မဲနေ၏။

ပထမထပ်သို့မရောက်ခင်မှာပင် မီးတိုင်မှာမီးမှာ ငြိမ်းသွား၏။ မီးကိုပြန်ညှိနိုင်ရန်အတွက် သူတို့ထံတွင်ရှိသမျှ မီးဖိုချောင်မှ ဟင်းသီးဟင်းရွက်ဆီများ၊ ဝိုင်များကို ထုတ်လိုက်ကြသည်။

ဒုတိယထပ်ရှိမီးလင်းဖိုနေရာမှာ နှင်းများအရည်ပျော်ကျခြင်းကြောင့်စိုစွတ်နေပြီဖြစ်ပြီး ထင်းများသည်လည်း စိုစွတ်နေကြပြီဖြစ်သည်။ ထို့ကြောင့်ပင် ဤကဲ့သို့ပြုလုပ်ရခြင်းဖြစ်သည်။

မှောင်မဲနေသည့်အခန်းထဲတွင် မီးလင်းဖိုထဲ၌ မီးအလင်းရောင်အနည်းငယ်သာရှိနေသည်။
အပူပေးနိုင်သည့်ကြမ်းပြင်ဧရိယာမှာ တစ်ဖြည်းဖြည်းဖြင့် ပို၍သေးငယ်လာသည်။
ထို့ကြောင့် သူတို့၏နေရာနှင့် မီးလင်းဖိုကြားတွင် ပိုပို၍နီးကပ်လာရလေသည်။
………………………………………………………………

ဂိမ်း၏ ၂၉ ရက်မြောက်နေ့………

အပူချိန်မှာ အနုတ် ၉၀ ဒီဂရီသို့ ကျဆင်းသွားသည်။
ပြောရလျှင် အန်နာတိကတိုက်ရှိအနိမ့်ဆုံးအပူချိန်သည်ပင် အနုတ်ဒီဂရီ ၉၀ ကျော်ခန့်သာရှိသည်။

ပရောဖက်ရှင်နယ်အပူပေးစနစ်များမရှိသည့် သာမန်အခန်းတစ်ခုတွင် သူတို့မှာ မီးတောက်လေးတစ်ခုကိုသာ အားပြု၍ နေနေကြရသည်။

အေးလိုက်တာ…………

ဖူအန်၏သွားများ ခိုက်ခိုက်တုန်နေသည်။
ယခင်က သူမအသုံးပြုခဲ့သည့်ရေနွေးအိတ်များသည်ပင် အေးသွားပြီဖြစ်သည်။

“အေး………..သေတဲ့ထိအေးနေတာပဲ”

ဤမျှကြိုတင်ပြင်ဆင်ခဲ့ကြသည့် သူတို့သည်ပင် ဤမျှအေးနေပါက အခြားအသက်ရှင်နေသည့်လူများမှာ မည်မျှခက်ခဲမည်ဖြစ်ကြောင်း မှန်းဆနိုင်လေသည်။

ကျွန်းတစ်ခုလုံးမှာ အသက်ရှင်တဲ့သူနည်းနည်းလောက်ပဲ ကျန်တော့မယ်ထင်တယ်……….

ဖူအန်တိတ်တဆိတ်တွေးမိလိုက်ပြီး မထိန်းချုပ်နိုင်စွာဖြင့် ခန္ဓာကိုယ်ကိုကျုံ့မိလိုက်၏။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now